တန်ဖိုးရှိတဲ့ အသက်တွေကို မဆုံးရှုံးစေချင်တဲ့ပိုင်ဖြိုးသု

ဒီနေ့ facebook မှာတော့ ပရိတ်သတ်တွေရဲ့ အချစ်တော် မင်းသမီးလေး ပိုင်ဖြိုးသုက

တန်ဖိုးရှိတဲ့အသက်တွေမဆှုံးရှုံးဖို့ထိုင်ခုံခါးပါတ်ပါတ်ကြစို့ ဆိုပြီးသတိပေးခဲ့ပါတယ်။ သူဘာလို့ဒီလိိုသတိပေးခဲ့လည်းဆိုတာကတော့

ယာဉ်တိုက်မှုတွေမှာ အဓိက အသက်ဆုံးရှုံးရတဲ့ တရားခံကတော့ ထိုင်ခုံခါးပတ်ကို မပတ်ကြလို့ဘဲဖြစ်ပါတယ်။ ကားတိုက်မှုတွေ

ဖြစ်တဲ့အခါ ထိုင်ခုံခါးပတ်မပတ်ထားတဲ့အတွက် အရှိန်နဲ့ လွင့်စင်ပြီး ထိခိုက်ဒဏ်ရာ ရရှိတဲ့အတွက်ကြောင့် အသက်ဆုံးရှုံးရတာ များပါတယ်။

ထိုင်ခုံခါးပတ် ပတ်ထားရင်တော့ အရှိန်နဲ့ လွင့်တောင် ခါးပတ်ပတ်ထားတဲ့အတွက် ကားတိုက်တဲ့အခါ မလွင့်စင်ဘဲ အများဆုံးဒဏ်ရာဘဲရပါတယ်။

ဒါကြောင့်လည်း သုသုလေးက တန်ဖိုးရှိတဲ့အသက်တွေ မဆုံးရှုံးဖို့ ထိုင်ခုံခါးပတ်ပတ်ကြစို့ ဆိုပြီး သတိပေးခဲ့တာဖြစ်ပါတယ်။

သူလည်းအမြဲတမ်း seat belt ပတ်ထားတယ်ဆိုတာကို selfie ပုံလေးနဲ့တင်ထားပါတယ်

အဆုံးသတ်မှာ ချစ်ခြင်းများစွာဖြင့် ပိုင်ဖြိုးသုဆိုပြီး ထိုင်ခုံခါးပတ်ပတ်ဖို့ နှိုးဆော်မှု

#DriveSafelyUseSeatBeltCampaign မှာပါဝင်ခဲ့ပါတယ်။ တခြားအနုပညာရှင်တွေလည်း ဒီလို သတိပေးထားတာကို

တွေ့နိုင်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။