ထူးထူးဆန်းဆန်း မေးစေ့မှာသွားပေါက်

လူ့လောကကြီးမှာ ထူးထူးဆန်းဆန်း ဖြစ်ရပ်တွေ အများကြီး ဖြစ်တတ်ပင်မဲ့ မေးစေ့မှာ သွားပေါက်တာကတော့ ဖြစ်တောင့်ဖြစ်ခဲ့ပါဘဲ။

ဖြစ်တောင့်ဖြစ်ခဲ ထူးထူးဆန်းဆန်းပါ မေးစေ့ မှာသွားပေါက်လို့ ဗန်းမော်ဆးရုံမှာ ဆရာဝန်က နုတ်ပေးလိုက်ရပါတယ်တဲ့

မေးစေ့အသားကို ခွဲပြီး သွားထွက်လာချိန် နာ များ နာရှာမလား.နောက် ထပ်ပေါက်နိုင်သေးလားတော့

မသိပါလို့ ဒီသတင်းကို ပြန်လည်မျှဝေထားသူက ပြောကြားထားပါတယ်။ မှတ်ချက်ပေးထားတဲ့လူတွေထဲကတစ်ယောက်ကတော့ သူလည်း

အာခေါင်မှာ ပေါက်ဖူးပါတယ်တဲ့။ ဒါပင်မဲ့ နှုတ်လိုက်ရင် ပြန်မပေါက်တော့ဘူးလို့ ရေးသားထားပါတယ်။ လူ့ခန္ဒာကိုယ်ကလည်း ရှုပ်ထွေးတော့

ဒီလို ထူးထူးဆန်းဆန်း ဖြစ်ရပ်တွေလည်း ရှိတတ်ပါတယ်။ အာခေါင်ကနေ မေးစေ့ထိ သွားကျော်ပေါက်လာတာကတော့ ဖြစ်တောင့်ဖြစ်ခဲပါဘဲ။

အမြန်ဆုံးသက်သာပြီး နောက်ထပ်ထပ်မဖြစ်ပါစေနဲ့လို့လည်း ဆုတောင်းပေးလိုက်ပါတယ်

Photo credit- Ko Thar nge

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။