အိုင်းရင်း ဇင်မာမြင့် က Live လွှင့်ကာ သူမ နဲ့ ကောင်းကောင်း ပြတ်စဲခဲ့သည့် အကြောင်း ရင်ဖွင့်ပြောပြခဲ့ပါတယ် ။

ချစ်သက်တမ်း 8 နှစ်ရှိပြီ ဖြစ်သော်လည်း ကောင်းကောင်းမှာ အခြား မိန်းကလေးတစ်ဦးနှင့်ပါတ်သတ်မိပြီး ထိုမိန်းကလေးမှာ ကောင်းကောင်း ရဲ့ ရင်သွေးကို လွယ်ထားရသည့် အတွက် ထိုမိန်းကလေးနဲ့ ခိုးပြေးလက်ထပ်သွားခဲ့တာပါ ။

အဆိုတော် ကောင်းကောင်းနဲ့ သူမချစ်သူအဖြစ်က လမ်းခွဲ ပြတ်စဲ သွားသည်မှာ ခြောက်လကျော်ခန့်ရှိပြီဖြစ်ကြောင်း ကိုလဲပြောပြပါတယ်။

အိုင်းရင်းဇင်မာမြင့်နဲ့လက်တွဲနေစဉ်အတွင်း အခြား အမျိုးသမီး တစ်ဦး နဲ့ ပတ်သက်မှု ရှိကြောင်း ကို အရင် က လုံးဝ မရိပ်မိခဲ့ကြောင်း ၊

ခိုးပြေးသွားမှသာ သိရှိခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ အဆိုပါ အကြောင်းအရာ ကို ဘယ်သူ့ကိုမှ မပြောဘဲနေလာခဲ့ပေမဲ့

ပရိသတ်တွေ မေးမြန်းမှု များပြားလာတဲ့ အတွက် စိတ်မကောင်းစွာ နဲ့ ဖြေရှင်းရခြင်း ဖြစ်ကြောင်းလည်း သိရပါတယ် ။

Live လွှင့်ရင်း ငိုနေခဲ့တဲ့ အိုင်းရင်းဇင်မာမြင့်ကို ပရိတ်သတ်များက ဝိုင်းဝန်းအားပေးနေတာကိုလဲ တွေ့့ရှိခဲ့ရပါတယ် ။

(Video File ကိုအောက်မှာကြည့်ရှုနိုင်ပါတယ်)

Source : Irene Zin Mar Myint and Sunday Journal

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။