ပရိသတ်ကြီးရေ…မနှစ်ကအကယ်ဒမီဆုပေးပွဲမှာ မြင့်မြတ်တစ်ယောက် အကယ်ဒမီဆုနဲ့ လွဲခဲ့ရတော့ စိတ်မကောင်းဖြစ်သူတွေအများကြီး ပေါ့။ဘယ်နှစ်မှာများ မြင့်မြတ်အကယ်ဒမီရမလဲ မျှော်လင့်ကြရင်း သူ့ဇာတ်ကားတွေကိုအားပေးခဲ့ကြတာကြာပေါ့။အနု၊အလွမ်း၊အဆွေး၊အကြမ်းကအစအသတ်အပုတ်အဆုံး သရုပ်ဆောင်နိုင်တဲ့ မြင့်မြတ်ဇာတ်ကားတွေဒီနှစ်မှာလည်း အများကြီး ရှိသေးတယ်နော်အခုတော့ တေးရေးဆရာ၊ဒါရိုက်တာ သျှန်းထွန်း (မြန်မာစာ) က မြင့်မြတ်အကယ်ဒမီရနိုင်မယ့် ဇာတ်ကားကို ညွှန်ပြလိုက်ပါပြီ။

“အနုပညာသမားစစ်ရင် ငွေကြေးကိုမကြည့်ဘူူး

ခံယူချက်နဲ့ခံစားချက်ကအဓိကပါဘဲ

မြင့်မြတ်ကိုအကယ်ဒမီရစေမယ့် ဒီရုပ်ရှင်ဇာတ်ကားကြီးကို မြန်မာပြည်ကျောက်စိမ်းကအနုပညာစိတ်ထက်သန်စွာ၃လကြာအောင်တီးပေးထားပါတယ်

ဖြစ်ချင်တော့ဇာတ်ဝင်တေးတပုဒ်က မလိုက်ဖက်ဘူး

ဖြစ်နေတယ်

အိမ်မှာလုပ်နေတော့ မနေနိုင်ဘူး

လက်စွမ်းပြလိုက်တယ်

ဒီကားကတော့ မြင့်မြတ်အတွက်မလွဲမသွေအကယ်ဒမီပါဘဲ

"ကျောမှာဂဠုန် ရင်မှာနဂါး"

အကယ်ဒမီ ကျော်သူ

မြင့်မြတ် ” လို့သူကဖေ့ဘွတ်မှာ တင်ထားတာပါ။ ကဲပရိသတ်ကြီးရေ ကိုမြင့်မြတ်ကို အားပေးကြရအောင်…

ထူးခြားချက်နောက်တစ်ချက်ကတော့ ကျိုက်ထီးရိုးမှာ ရိုက်ခဲ့တဲ့ “ကျောမှာဂဠုန် ရင်မှာနဂါး" ရုပ်ရှင်ဇာတ်ကားကြီးနောက်ဆုံးခန်းကို ကျိုက်ထိုသုဿန်မှာ ရိုက်ကူးခဲ့ပြီးကျော်သူ (ဂဠုန်ကြီး)၏ရုပ်ခန္ဓာအားမြေမြှုတ်သင်္ဂြိုလ်ခြင်း အခမ်းအနားဖြင့်သရဏဂုံတင်ခြင်းကိုပြုလုပ် ရိုက်ကူးခြင်းဖြင့်အဆုံးသတ်ခဲ့တာပါ။ထူးခြားချက်က ကျော်သူပထမဦးဆုံးရိုက်ကူးရသောဇာတ်ဝင်ခန်း

မှာသုဿန်တွင်စတင်ရိုက်ကူးရခြင်းဖြစ်ပြီး နောက်ဆုံးနေ့ရိုက်ကူးရသောအခန်းမှာလည်း သုဿန်တွင်အဆုံးသတ်ရခြင်းဖြစ်နေပါတယ်။ ကဲ “ကျောမှာဂဠုန် ရင်မှာနဂါး" ကျော်သူနဲ့မြင့်မြတ် ကြမ်းမယ်ရမ်းမယ်၊မေတ္တာဖွဲ့ရင်း ပရိသတ်ကို အနုပညာရသပေးမှာ သေချာနေတော့ ကြည့်ချင်လှပြီ…

ပရိသတ်ကြီးရော…..ကြည့်ဖို့ရင်ခုန်နေပြီလား….?’

Source: သျှန်းထွန်း ((မြန်မာစာ)

Aung 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။