သိပ်မကြာခင်မှာ ရောက်ရှိလာတော့မယ့် ခရစ္စမတ်နေ့အတွက် ချစ်ပရိသတ်ကြီးကို အကြိုအထူးလက်ဆောင်လေး ပေးချင်ပါတယ်နော်။ အဲ့ဒါကတော့ စားချင်စဖွယ် သစ်သီးသစ်ဖုလေးတွေနဲ့ လှပသေသပ်စွာ ပြင်ဆင်ဖန်တီးထားတဲ့ Fruits X Mas Tree ပြုလုပ်ပုံ၊ ပြုလုပ်နည်းလေးကို ဗီဒီယိုဖိုင်လေးနဲ့တကွ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ "Cooking For You" အစီအစဉ်လေးရဲ့ ပင်တိုင်စာဖိုမှူးလေး မနီလာအောင်ဝင်းကပဲ တင်ဆက်ပြသပေးသွားမှာဖြစ်ပါတယ်။

Master Chef season 1 ရဲ့ Top 3 ပြိုင်ပွဲဝင်ဖြစ်တဲ့ မနီလာအောင်ဝင်းရဲ့ လက်ရာမလို့ အထူးတလည် ပြောစရာမလိုပါဘူးနော်။ အပတ်စဉ် ဟင်းပွဲတွေ၊ မုန့်လုပ်တာတွေကို တင်ဆက်ပေးခဲ့တာဖြစ်ပြီး ဒီတစ်ပါတ်မှာတော့ ထူးထူးခြားခြားလေးဖြစ်သွားအောင် ခရစ်စ္စမတ်သစ်သီးသစ်ပင် ပြုလုပ်နည်းလေးကို ရွေးချယ်ပြုလုပ်ခဲ့တာပါ။

ခရစ်စ္စမတ်သစ်ပင်လေးမှာ ပါဝင်တဲ့ပစ္စည်းလေးတွေကတော့ လိမ္မော်သီး၊ စတော်ဘယ်ရီ၊ သခွားမွှေး၊ သင်္ဘောသီး၊ စပစ်သီး အစရှိတာတွေနဲ့ သစ်ပင်ကြီးကိုတော့ မုန်လာဥနီရွေးချယ်ထားကာ သစ်ကိုင်းလေးတွေကိုတော့ သွားကြားထိုးတံဲလေးတွေနဲ့ အလှဆင်ထားတာပါ။ မိမိကြိုက်နှစ်သက်ရာ သစ်သီးတွေကို အစားထိုးလို့ရတဲ့အပြင် လုပ်ပုံလုပ်နည်းလေးက လွယ်ကူရိုးရှင်းတာကြောင့် အစားတလိုင်းပရိသတ်ကြီးအနေနဲ့ ချစ်ရတဲ့သူတွေနဲ့အတူ ခရစ္စမတ်နေ့လေးမှာ ပျော်ပျော်ရွှင်ရွှင် ပြုလုပ်ဖြတ်သန်းကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်။  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။