မြန်မာပြည်ရဲ့လက်ရှိအအောင်မြင်ဆုံးသရုပ်ဆောင်မင်းသမီးကိုပြောပါဆိုရင်တော့ အဲ့ဒီထဲမှာ သက်မွန်မြင့်လည်းပါဝင်ပါတယ်။

ချစ်သက်လို့ နာမည်ပြောင်လေးခေါ်ကြတဲ့ ရုပ်ရှင်နဲ့ဗွီဒီယိုသရုပ်ဆောင် သက်မွန်မြင့် ကတော့ အနုပညာသက်တမ်းဆယ်စုနှစ်တစ်ခုနီးပါး ရှိနေခဲ့ပါပြီ။

ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုတွေရရှိလာတဲ့ ချစ်သက်ဟာ သူမဖြတ်သန်းခဲ့တဲ့ အနုပညာသက်တမ်းတစ်လျှောက်မှာ နာမည်ပျက်မရှိပဲ ကျရာဇာတ်ရုပ်ကို အကောင်းဆုံးသရုပ်ဆောင်နိုင်ခဲ့လို့ (၂၀၁၀)ခုနှစ်ထဲက အကယ်ဒမီဆွတ်ခူးခဲ့တာပါ။

ဘယ်သူမှမရဖူးသေးတဲ့ ပရိသတ်တွေကချစ်လွန်းလို့ပေးကြတဲ့ Focus Online ဆု (2012) နဲ့ (2014) ဆုနှစ်ဆုအပြင် The Most Popular Celebrity 2011 ဆုကိုလည်း ရရှိခဲ့တာပါ။

ယခုနှစ်မှာ အကယ်ဒမီဆုထပ်မံရရှိထားတဲ့ ချစ်သက်ဟာ မိုးကြိုးမေ မိုးစက်မေ သီရိမေဆိုပြီး ဇာတ်ရုပ်တွေနဲ့ အောင်မြင်ခဲ့တာကြောင့် သူမရဲ့သမီးငယ်လေးကိုတောင် လဝန်းမေလို့ အမည်ပေးခဲ့တာပါ။

ပိုပြီးအံ့အားသင့်ရမှာက ချစ်သက်ဟာ ချင်းတိုင်းရင်းသူစစ်စစ်ဖြစ်ပေမယ့် ဘုရားတရား ယုံကြည်လို့ ဗုဒ္ဓဘာသာကိုပြောင်းလဲကိုးကွယ်ခဲ့တာလို့သိရပါတယ်။ 

အိမ်ထောင်ရေးကံကောင်းတဲ့ သက်မွန်ဟာ လက်ရှိမှာတော့ သားတစ်ယောက် သမီးတစ်ယောက် နဲ့ ပျော်ရွှင်စရာမိသားစုဘဝလေးပိုင်ဆိုင်ထားရပါတယ်။

ခင်ပွန်းဖြစ်သူကတော့ ကိုစစ်နိုင်ဖြစ်ပြီး သားကြီးလေး နာမည်က အားချစ် ၊ သမီးငယ်လေးနာမည်ကတော့ လဝန်းမေပါ။ သားသားနဲ့မီးမီးကလည်း အရမ်းချစ်ဖို့ကောင်းလို့ သူ့မေမေလိုပဲချစ်မွှေးပါတယ်ပြောရမှာပါပဲ။

လက်တလောမှာ သူမဟာ ကြော်ငြာတွေရိုက်လိုက် မိသားစုကိုလည်းအချိန်ပေးနေရသလို ကလေးပစ္စည်းရောင်းတဲ့ကိုယ်ပိုင်ဆိုင်လေးတစ်ဆိုင်ပါ ဖွင့်ထားတာပါ။

ချစ်သက် အကြောင်းလေး ဖတ်ရင်းနဲ့ သူမရဲ့ငယ်ဘဝပုံရိပ်လေးတွေနဲ့ လက်ရှိပုံရိပ်လေးတွေကို မြင်ဖူးအောင် ပြန်လည်မျှဝေလိုက်ပါတယ်။

အချိန်တွေပြောင်းလဲလာသလို ချစ်သက်တစ်ယောက်နောင်နှစ်တွေမှာရော အကယ်ဒမီနဲ့ပတ်သက်ပြီး ဘယ်လိုကြားရမလဲဆိတာ ရှေ့နှစ်အတွက် စောင့်ကြည့်ရမှာပေါ့နော်

သတင်းအရင်းမြစ် Fan page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။