လူငယ်တွေအတွက် ခေတ်မှီတဲ့နည်းပညာ၊ အမိုက်စား ဒီဇိုင်းတွေနဲ့ အတူ Vivo S1 Pro စမတ်ဖုန်းဟာ မကြာမှီ အချိန်အတွင်းမှာ မြန်မာနိုင်ငံဈေးကွက်ကို ရောက်ရှိလာတော့မှာဖြစ်ပါတယ်။ Vivo S1 စမတ်ဖုန်းကိုတော့ ပြီးခဲ့တဲ့ ဇူလိုင်လက မိတ်ဆက်ပေးခဲ့ပြီး သုံးစွဲသူများ စိတ်ကြိုက်တွေခဲ့ပါတယ်။ Vivo S Series ရဲ့ မျိုးဆက်တစ်ခုဖြစ်တဲ့ S1 Pro စမတ်ဖုန်းဟာဆိုရင်တော့ ပြိုင်ဖက်ကင်းတဲ့ အမိုက်စား ပုံစံဒီဇိုင်းနဲ့ ထွက်ရှိလာတော့မှာဖြစ်ပါတယ်။

Photo Credit:Myanmarload

“Upgrade Your Style” ဆိုတဲ့ ဆောင်ပုဒ်နဲ့ အညီ Vivo S1 Pro ဟာ ကြီးမားတဲ့ ၆.၃၈ လက်မအရွယ် Full HD + Super AMOLED မျက်နှာပြင်၊ ပြိုင်ဘက်ကင်းတဲ့ စိန်ပွင့်ပုံစံ နောက်ကျောပြင်ကင်မရာ ၄လုံး၊ မျက်နှာပြင်အောက် လက်ဗွေလုံခြုံရေးစနစ်တို့ကြောင့် စတိုင်ကျပြီး ထင်ရှားပေါ်လွင်နေမှာတော့ သေချာနေပါတယ်။ ပုံစံဒီဇိုင်း ခေတ်မှီဆန်းသစ်နေရုံသာမက Mistic Black (အနက်) နဲ့ Dreamy White (အဖြူ) ဆိုပြီး အရောင်ပြေးကာလာ ၂ မျိုးနဲ့ ထွက်ရှိလာမှာဆိုတော့ ဘယ်လိုဖက်ရှင်မျိုးနဲ့မဆို တွဲဖက်လို့ရမှာ အမှန်ပါပဲ။

Photo Credit:Myanmarload

ကင်မရာပိုင်းအနေနဲ့လည်း ဒီဇိုင်းကို စိန်ပွင့်ပုံစံ ဖန်တီးထားပြီး 48 MP (f/1.8) ပင်မကင်မရာနဲ့ 8MP (f/2.2) ပူးတွဲကင်မရာ၊ 2MP (f/2.4) မြင်ကွင်းကျယ် ကင်မရာနဲ့ 2MP (f/2.4) အနီးရိုက်ကင်မရာ ၄ လုံးတို့ကို AI Rear Quad Camera Steup နဲ့တပ်ဆင်ထားတာကြောင့် အမှတ်တရဓါတ်ပုံတွေ ရိုက်ယူဖို့ အကောင်းဆုံးဖြစ်နေပါပြီ။ ဒါအပြင် လူငယ်တွေအကြိုက်တွေ့စေမယ့် ရေစက်ပုံစံ (Water Drop) selfie ကင်မရာကို 32MP AI Beauty Mode တက်ဆင်ပေးထားတာကြောင့် Selfie ချစ်သူတွေရဲ့ လက်စွဲတော်စမတ်ဖုန်းတစ်လုံးဖြစ်လာမှာ သေချာပါတယ်။

Photo Credit:Myanmarload

Operating System အနေတော့ Android 9 (Funtouch OS 9.2) ကိုအသုံးပြုထားပြီး Qualcomm Sanpdragon 665၊ 8GB RAM၊ 128GB Storage၊ Hybrid Dual Sim၊ 4500 MAH Battery၊ Dual Engine Fast Charging တို့ပါဝင်တာကြောင့် ဘယ်လောက်ကောင်းမယ်ဆိုတာကို ထွေထွေထူးထူးပြောမနေတော့ပါဘူး။ အချိန်နဲ့တစ်ပြေးညီ ပြောင်းလဲနေတဲ့ခေတ်ကြီးမှာ Vivo S1 Pro စမတ်ဖုန်း ဟာ လူငယ်တွေအတွက် အကောင်းဆုံးနည်းပညာ၊ အဆန်းသစ်ဆုံးဒီဇိုင်းတွေနဲ့အတူ မကြာမီသုံးစွဲသူတွေရဲ့ ရှေ့မှောက်ကို ရောက်ရှိလာတော့မှာဖြစ်ပါတယ်။

Photo Credit:Myanmarload

Photo Credit:Myanmarload

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။