ပရိသတ်ကြီးရေ ဒီတစ်ပါတ်မှာတော့ နှစ်ပေါင်း ၃၀၀၀ ကျော်လောက်က ပေါ်ခဲ့တယ်လို့ ယူဆရတဲ့ စက္ကောမ နည်းပညာဆန်ဆန် စက်ပစ္စည်းများ အကြောင်းကို ပုံရိပ်တွေနဲ့တကွ ဗဟုသုတဖြစ်ဖွယ် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ အဲ့ပစ္စည်းလေးတွေ ကတော့ "Paranormal artifact" သဘာဝလွန်နည်းပညာနဲ့ ပြုလုပ်ထားတဲ့ စက်ပစ္စည်းတွေပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အစိတ်အပိုင်းတွေက အရမ်းကို ခေတ်ရှေ့ပြေးနေတော့ အခြားကမ္ဘာက ပစ္စည်းတွေလို့တောင် ထင်မှတ်ခဲ့ကြရတာပါနော်။

photo credit Once A Glance Page

သိပ္ပံပညာရှင်တွေကတော့ တိတိကျကျ အဖြေသိရအောင် ကြိုးစားပြီး လေ့လာစမ်းသပ်နေကြပါတယ်။ အနုပညာလက်ရာ မြောက်ပြီး အနုစိပ်ဖန်တီးထားတဲ့ စက်ပစ္စည်းတွေဖြစ်တာမလို့ ဒီကမ္ဘာကလူတွေပဲ ပြုလုပ်ခဲ့တာလား၊ ဒါမှမဟုတ် အခြားဂြိုလ်က ပစ္စည်းပဲလားဆိုတာ ဆုံးဖြတ်ချက်ချဖို့ ခက်ခဲနေတာ ဖြစ်ပါတယ်။ အဝေးကကြည့်ရင် ဟောင်နွမ်းနေပြီး တန်ဖိုးမရှိဘူးလို့ထင်ရပေမယ့် အနီးကပ်သေသေချာချာ အနုမြူမှန်ဘီလူးနဲ့ ကြည့်မှသာ အဲ့ပစ္စည်းတွေရဲ့ သက်တမ်းနဲ့ ပြုလုပ်ဖန်တီးပုံကို သိရှိရမှာ ဖြစ်ပါတယ်။

photo credit Once A Glance Page
photo credit Once A Glance Page

စာဖတ်ပရိသတ်ကြီးရေ....အဲ့စက်ပစ္စည်းလေးတွေရဲ့ အစိတ်အပိုင်းတွေကို များသောအားဖြင့် အီဂျစ်မှာတွေ့ရတာ များပါတယ်။ အချို့ metal သတ္တုပစ္စည်းတွေက periodic table ထဲမှာ ပါဝင်တာကို မတွေ့ရပါဘူး။ ဒါ့အပြင် သိပ္ပံပညာရှင်တွေက အဲ့ပစ္စည်းတွေလိုမျိုး တစ်ထေရာတည်း တုပပြီး လျှို့ဝှက်စွာ စမ်းသပ်ထုတ်လုပ်ခဲ့ပေမယ့် သက်ဝင်လှုပ်ရှားလာခြင်းတော့ မရှိပါဘူး။ ဒါကြောင့်မလို့ အခုတွေ့ရတဲ့ စက်ပစ္စည်းတွေကို သက်ဝင်လှုပ်ရှားလာဖို့အတွက် နောက်ထပ်ဘာတွေ လိုအပ်သလဲဆိုတာ ဆက်လက်စူးစမ်းရှာဖွေနေတာ ဖြစ်ပါတယ်။ ထိုပုံတွေထဲမှာ မြင်တွေ့ရမယ့် ပန်းအိုးပုံ ရှေးခေတ် ဘတ်ထရီကတော့ ပရိသတ်ကြီးကို အံ့အားသင့်စေမှာ အမှန်ပါပဲနော်။

source Once A Glance Page

photo credit Once A Glance Page

photo credit Once A Glance Page
photo credit Once A Glance Page
photo credit Once A Glance Page

သတင်းယူရေးခွင့်ပေးတဲ့ "သံ ဇဉ် မိုးဇတ်"ကို ကျေးဇူးတင်ရှိပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။