လက်သည်းကိုက်တယ်ဆိုတာ ကောင်းတဲ့အကျင့်တော့မဟုတ်ပါဘူး။ ကလေးတွေ လက်သည်းကိုက်ပြီဆိုရင် လူကြီးတွေက ဆူပူကြိမ်းမောင်းလေ့ ရှိပါတယ်။ အချို့လူကြီးတွေကျတော့လည်း သူတို့ကိုယ်တိုင် လက်သည်းကိုက်တဲ့ အကျင့်ကို ဖျောက်ဖျက်လို့ မရကြပါဘူး။ ဒါဆိုရင် ဘယ်လိုလူမျိုးတွေမှာ လက်သည်းကိုက်တာကို အများဆုံးတွေ့ရလည်းဆိုတော့ စိတ်တအား လှုပ်ရှားတတ်တဲ့ သူတွေနဲ့ တစ်စုံတစ်ခုထဲကို အာရုံနှစ်ပြီး လုပ်တတ်တဲ့သူတွေမှာပဲ ဖြစ်ပါတယ်။

Photo credit pngtree

ကိစ္စတစ်ခုခုကို ပေါ့ပေါ့တန်တန် လုပ်တတ်လေ့ရှိပေမယ့် သူတို့စိတ်ဝင်စားတဲ့ အရာဆိုရင်တော့ တစ်ဖက်ကမ်းခပ် တော်တဲ့သူတွေကို သွားကြည့်လိုက်ရင် အနည်းဆုံး ၁၀ခါမှာ ၇ ခါ၊ ၈ခါလောက် လက်သည်း ကိုက်နေတတ်ပါတယ်။ ပြီးတော့ စိတ်ဝင်စားမှု အထွပ်အထိတ် ရောက်နေတဲ့အခါမျိုးမှာ၊ ရှက်ကိုးရှက်ကမ်းဖြစ်တဲ့ အခါမျိုးတွေမှာ လူတွေရဲ့ မသိစိတ်ကနေ လက်သည်းကိုက်ဖို့ကို သူ့အလိုလို တိုက်တွန်းလေ့ရှိပါတယ်။ အဲ့လိုဖြစ်တာမျိုးကတော့ ရှိတော့ရှိတယ် ဒါပေမယ့် တော်တော်လေးကို ရှားပါတယ်။ လူရဲ့ ပင်ကိုဗီဇပေါ်မှာ မူတည်နေတာပဲ ဖြစ်ပါတယ်။

Photo credit pngtree

ကလေးငယ်တွေ လက်သည်းကိုက်တာကို မိဘတွေက ဘာကြောင့် မကြိုက်ကြတာလဲ၊ တားမြစ်ကြတာလဲဆိုတော့ သဲတွေ၊ ဖုန်တွေကိုင်ပြီး ဂျီးတွေဝင်နေတဲ့ အခါမျိုးမှာ ဗိုက်ထဲရောက်ပြီး သံထိုးမှာ၊ နေမကောင်းမှာဖြစ်မှာကို စိုးရိမ်တဲ့အတွက်ကြောင့် လက်ကိုစင်အောင် ဆေးခိုင်းတာမျိုး၊ လက်သည်းညှပ်တာမျိုးတွေ ပြုလုပ်ပေးပြီး လုံးဝ လက်သည်းကို အကိုက်မခံပါဘူး။ ဘယ်လောက် တားတား ကလေး သဘာဝအရ ဆော့စရာတစ်ခုအနေနဲ့ ကိုက်မှာပဲ။ ဗိုက်ဆာလာတဲ့ အခါကိုက်မှာပဲ။ ဒါကတော့ သားသမီးနဲ့ မိဘတို့ရဲ့ မထူးဆန်းတဲ့ သမာရိုးကျ ဖြစ်စဉ်တစ်ခုလို့ ဆိုရမှာပါ။ ဒါပေမယ့် သက်လတ်ပိုင်း လူငယ်တစ်ယောက်က လက်သည်းကိုက်တယ်ဆိုတာ ဗိုက်မဝဘူးဆိုတာလည်း သိတယ်၊ ကစားစရာ မဟုတ်မှန်းလည်း သိရက်နဲ့ ကိုက်တတ်တဲ့ အကျင့်ကို ဖျောက်ဖျက်လို့ မရဘူးဆိုရင်တော့ သေချာပါပြီ အပေါ်ကပြောပြသွားတဲ့ စိတ်ပိုင်းဆိုင်ရာတစ်ခုခုနဲ့ ပတ်သက်ဆက်နွယ်နေတာပဲ ဖြစ်ပါတယ်။ အဲ့လိုမျိုးဆိုရင်တော့ လက်ကို ၂၄နာရီပတ်လုံး သန့်ရှင်းအောင်ထားဖို့နဲ့ crush ရှေ့မှာ မကိုက်မိအောင် သတိထားဖို့ အကြံဉာဏ်ပေး တင်ဆက်လိုက်ပါတယ်နော်။

Photo credit pngtree

Photo credit pngtree

သတင်းအရင်းမြစ် Mg Thit Sar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။