အိမ်ထောင်ပြု လက်ထပ်တယ်ဆိုတာ အတိမ်းအစောင်းမခံပါဘူး။ တစ်ခါမှားလိုက်တာနဲ့ တစ်ဘဝလုံးစာ သွားပြီလို့ ပြောရပါတယ်။ မြန်မာ့ယဉ်ကျေးမှုအရ အမျိုးသမီးကော၊ အမျိုးသမီးကော အိမ်ထောင်ကွဲတယ်ဆိုတာ နစ်နာစရာ ကိစ္စတစ်ခုပဲ ဖြစ်ပါတယ်။ မိန်းကလေးဘက်က ပိုပြီး နစ်နာတယ်လို့ ပြောရမှာပါ။ အိမ်ထောင်ပြုတဲ့အခါ မိမိချစ်သူနဲ့ နှစ်ဦးသဘောတူ လက်ထပ်တာရှိသလို၊ မိဘက စီစဉ်ပေးတာမျိုးလည်းရှိပါတယ်။ ဘယ်မိဘမှ ကိုယ့်သားသမီးကို ဒုက္ခရောက်တဲ့ အဖြစ်မျိုး လုပ်မှာမဟုတ်တဲ့အတွက်ကြောင့် ပြဿနာမရှိဘူးလို့ ဆိုရမှာပါ။

Photo credit pngtree

တစ်ချို့တစ်လေ အိမ်ထောင်သက် တော်တော်ကြာတဲ့အခါကျမှ ထဖောက် တာမျိုးတော့ ရှိပါတယ်။ ကိုယ့်ကံတရားနဲ့ပဲ ဆိုင်တာမလို့ ဒါကတော့ ချွင်းချက်လို့ ပြောရမှာပါ။ မိမိ ချစ်သူကို တစ်ဘဝလုံးစာ လက်တွဲဖို့ ဆုံးဖြတ်တဲ့အခါမှာ နောက်ဆက်တွဲ အကောင်း၊အဆိုး မှန်သမျှက ဘယ်သူနဲ့မှမသက်ဆိုင်ပါဘူး မိမိတစ်ယောက်တည်းသာ သက်ဆိုင်တာဖြစ်ပါတယ်။ နောက်ဆုံး ကုန်ကုန်ပြောရရင် လက်ထပ်ပြီးတဲ့အခါကျမှ ကိုယ်မကြိုက်တဲ့ အရာတွေပဲ လုပ်လာတယ်၊ နောက်တစ်ယောက်နဲ့ ဖောက်ပြန်တာမျိုးတွေဖြစ်လာတယ် ဆိုရင် သူ့ကို အပြစ်သွားတင်လို့မရပါဘူး။

Photo credit pngtree

သူ့ရဲ့ ဖောက်ပြန်တတ်တဲ့ ဗီဇက နဂိုကတည်းက အတွင်းစိတ်ထဲမှာ ကိန်းအောင်းနေပြီသား မလို့ပါ။ အဲ့လို လူမျိုးကို သေသေချာချာ မလေ့လာခဲ့ပဲ ညက်ညောတဲ့ အပြောတွေအောက်မှာ မျောပြီး လက်ခံခဲ့မိတဲ့ ကိုယ့်ရဲ့ ရွေးချယ်မှု အမှားလို့သာ ဆိုရမှာ ဖြစ်ပါတယ်။ ဒါကြောင့်မလို့ ရွေးချယ်မှု မလွဲမှားရအောင် လက်မထပ်ခင် ချစ်သူဘဝကတည်းက သေချာ လေ့လာသင့်ပါတယ်။ ကိုယ့်ရဲ့ ကောင်းတာ၊ ဆိုးတာမှန်သမျှကို အနွံတာခံ နားလည်ပေးနိုင်တဲ့သူမျိုး၊ အချိန်ပြည့် ဂရုမစိုက်ပေးနိုင်တောင် မိမိအလိုအပ်ဆုံးအချိန်တွေမှာ ဘေးနားရှိနေပေးတတ်တာမျိုး၊ ကိုယ်ကျရှုံးတဲ့ အချိန်တိုင်းမှာ မားမားမတ်မတ်နဲ့ ရပ်တည်ပေးတာမျိုး၊ support လုပ်ပေးတာမျိုးဆိုတဲ့ အချက်တွေက မှန်ကန်တယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို အများဆုံး ထောက်ခံပေးနေတာ ဖြစ်ပါတယ်။ စာဖတ်ပရိသတ်ကြီးလည်း နှစ်သစ်မှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်ပါစေလို့ ဆုတောင်းပေးရင်း အကြံဉာဏ်ပြု တင်ဆက်ပေးလိုက်ပါတယ်။

Photo credit pngtree

သတင်းအရင်းမြစ် Mg Thit Sar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။