နီပေါနိုင်ငံဟာ ဟိမဝန္တာတောင်တက် လုပ်ငန်းဖြင့် ထင်ရှားကျော်ကြားသကဲ့သို့ ဝင်ငွေများစွာ ရရှိတာ ဖြစ်ပါတယ်။ နီပေါ နိုင်ငံသို့ ဧဝရက် တောင်တက်ရန် လာကြသူများဟာ အမြဲလိုလို ရှိနေတတ်ကြပါတယ်။ ငလျင် လှုပ်ခတ်မှုကြောင့် ဧဝရက်တောင် နှင့် လန်တန်တောင် ကြားတွင် တောင်ပြိုမှုများ ဖြစ်ပွားကာအနည်းဆုံး လူ ၂၀ ဦး သေဆုံး၍ လူပေါင်း ၁၂၀ ကျော်ဒဏ်ရာရရှိခဲ့ပြီး လန်တန် တောင်ကြား တွင် လူပေါင်း ၂၅၀ ကျော်ပျောက်ဆုံးခဲ့ တာဖြစ်ပါတယ်။

photo credit pngtree

လန်တန် အနီး ဆင်ခြေဖုံးဒေသများတွင် လူပေါင်းသုံးရာကျော် မြေအောက်သို့ရောက်ရှိကာ သေဆုံးခဲ့ကြပါတယ်။ လန်တန်တောင်ကြားမှ အိမ်ခြေ ခြောက်ဆယ်သာရှိတဲ့ တောင်တက် နားနေ စခန်းတစခုဖြစ်တဲ့ ရွာငယ်ဟာလည်း ပြိုဆင်းလာသော ရွံ့များအောက်တွင် တစ်ရွာလုံးမြုပ်သွားခဲ့ကာ လူများအားလုံး သေဆုံးခဲ့ပါတယ်။

photo credit pngtree

၂၀၁၅ ခုနှစ်၊ ဧပြီလ ၂၅ ရက်ဟာ ၂၀၁၄ ခုနှစ် တွင်ဖြစ်ပွားခဲ့တဲ့ ဧဝရက် တောင်ပြိုမှုထက် လူသေဆုံးမှု ပိုမို များပြားခဲ့တာကြောင့် ဧဝရက်တောင်တွင် လူအများဆုံး သေဆုံးတဲ့ ရက်တစ်ရက် အဖြစ်သတ်မှတ်ခဲ့ပါတယ်။ သေဆုံးသူများတွင် ဧဝရက်တောင်တက် ခရီးရောက်ရှိနေတဲ့ ဂူဂဲလ် အမှုဆောင်အရာရှိ ဒန် ဖရက်ဒက်ဘာ့ဂ် (Dan Fredinburg) လည်း ပါဝင်ခဲ့ပါတယ်။ ဗဟုသုတဖြစ်ဖွယ် သိရှိစေရန် ရေးသားတင်ဆက်ပေးလိုက်တာ ဖြစ်ပါတယ်။

Source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

သတင်း ယူရေးခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။