ပရိသတ်ကြီးရေ...ငယ်စဉ်က သင်္ချာနှင့် ရူပဗေဒ ဘာသာများကို သင်ယူကြခဲ့ရမှာ ဖြစ်ပါတယ်။ အဲ့ထဲကမှ အတိုင်းအတာဟူသော ဒိုင်မင်းရှင်း (dimension) အကြောင်းနဲ့ ပတ်သက်ပြီး အနည်းငယ် ဆွေးနွေး ဖော်ပြပေးသွားမှာပါ။ လူသားတစ်ယောက်အနေနဲ့ သာမာန်မျက်စိဖြင့် အရာဝတ္ထုတစ်ခုကို ကြည့်မယ်ဆိုရင် မြင်ကွင်းသုံးဖက် (3 dimension) ဖြင့်သာ မြင်နိုင်မှာဖြစ်ပါတယ်။

Photo credit pngtree

သင်္ချာဘာသာဖြင့် ပြောမယ်ဆိုပါက တိုင်းတာနိုင်သော အလျား၊ အနံ၊ အမြင့်ဖြစ်ပါတယ်။ မြင်ကွင်းသုံးဖက် ထက်ပိုသော ဒိုင်မင်းရှင်းများကို အင်ဂျင်နီယာ ဆော့ဝဲလ် ဖြစ်တဲ့ အောတိုကက် (Autocad) ကဲ့သို့သော နည်းပညာရပ်များကို ကွန်ပြူတာဖြင့် အသုံးပြုမှသာ တွေ့မြင်ဖော်ပြနိုင်မှာ ဖြစ်ပါတယ်။

Photo credit pngtree

စာဖတ်ပရိသတ်ကြီးရေ...ထောင့်ချွန်ခြောက်ဘက်ရှိသော ပိရမစ်တစ်ခုကို မျက်စိထဲမှာ မြင်ကြည့်လိုက်ပါ။ အဆိုပါ ပိရမစ်ပုံကို အောတိုကက် ဆော့ဝဲလ်ဖြင့် လေးဘက်လုံး မြင်အောင် ရေးဆွဲ ဖော်ပြနိုင်သော်လည်း လူတို့ရဲ့ မျက်စိထဲမှာတော့ ပိရမစ်၏ သုံးဘက်ကိုကာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ နည်းပညာတွေ တိုးတက်လာတဲ့ ၂၀ ရာစု ခေတ်နောက်ပိုင်းမှာတော့ အချိန်ကို ဒိုင်မင်းရှင်းတစ်ခု အဖြစ် သတ်မှတ် နိုင်ခဲ့ပြီး 4 dimension ဖြစ်လာပါတော့တယ်။

Source မောင် သာ ရှေးဟောင်းသုတေသန

Photo credit pngtree

Photo credit pngtree

သတင်းယူရေးခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။