ရုရှားမှာ ရှိတဲ့ "Muni" စိန်တွင်းကြီးဟာ အရမျးကိုနကျနဲပြီး အဲ့တှငျးနကျကွီးရဲ့ အပေါျကနေ လယောဉျပြံတှေ ဖွတျသနျးသှားခဲ့ရာမှ မထငျမှတျဘဲ ထိုးဆငျးသှားတဲ့ အဖွဈမြိုးတှေ ကွုံတှေ့ခဲ့ရတာကွောင့ျ လယောဉျဆှဲခတြဲ့ တှငျးကွီးဆိုပွီး နာမည်ကျော်လူသိများခဲ့တာ ဖြစ်ပါတယ်။ အဲ့အကြောင်းကို ပရိသတ်ကြီး ဗဟုသုတဖြစ်ဖွယ် သိရှိရအောင် ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

photo credit သံ ဇဉ် မိုးဇတ်

အဲ့စိန်တွင်းကြီးကို ၁၉၅၅ ခုနှစ်မှာ စတင်တူးဖော်ခဲ့တာဖြစ်ပါတယ်။ ဒုတိယ ကမ္ဘာစစ် အတွင်းကနေ စပြီး ၂၀၀၄ ခုနှစ်အထိ စိန်တွေ တူးဖော်ခဲ့ရာ တွင်းကြီးရဲ့ အချင်းဝက ၃၉၀၀ရှိပြီး အနက်ကတော့ ၁၅၇၅ ပေအထိ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ လူလုပ်တွင်းတွေ ထဲမှာတော့ အကြီးဆုံးတွင်းအဖြစ် စာရင်းဝင်ခဲ့တာပါ။

photo credit သံ ဇဉ် မိုးဇတ်

အဲ့လို ကြီးမားတဲ့ တွင်းကြီးကနေ နှစ်စဉ်နှစ်တိုင်း စိန်ကာရတ် ၁၀ သန်းထုတ်လုပ်ပေးခဲ့ပြီး နောက်ပိုင်းမှာတော့ လေယာဉ်တွေကို စတင် ဒုက္ခပေးလာပါတော့တယ်။ တွင်းကြီးရဲ့ အပေါ်လေထုက အပူချိန်ရုတ်တရက် မြင့်တက်လာပြီး လေဖိအား ထိုးကျကာ လေစီးကြောင်း ရုတ်တရက် ပြောင်းလဲသွားတတ်တာကြောင့် ပျံသန်းနေတဲ့ လေယာဉ်ပျံတွေ ခဏခဏ ထိုးဆင်းတဲ့ အဖြစ်နဲ့ ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ အမှန်တော့ လေယာဉ်ပျံတွေကို တွင်းကြီးက ဆွဲချနေတာ မဟုတ်ဘဲ တွင်းကြီးကြောင့် ဖြစ်ပေါ်လာတဲ့ လေဖိအား မတည်ငြိမ်ခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ အဲ့ဒီ စိန်တွင်းကြီးကို ၂၀၀၄ ခုနှစ်မှာ လုံးဝ ပိတ်ပင်ခဲ့တာ ဖြစ်ပြီး ကမ္ဘာ့ခြောက်ခြားစရာ ၁၀နေရာထဲက တစ်ခုအပါအဝင် ဖြစ်ပါတယ်။

Source သံ ဇဉ် မိုးဇတ်

photo credit သံ ဇဉ် မိုးဇတ်

သတင်းယူရေးခွင့်ပေးတဲ့ "သံ ဇဉ် မိုးဇတ်"ကို ကျေးဇူးတင်ရှိပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။