ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ယူနက်စ်ကို အဖွဲ့က ကမ္ဘာ့ အမွေအနှစ် အဖြစ် သတ်မှတ်ခဲ့တဲ့ ကောစ် ကာရီကာနိုင်ငံမှ ကျောက်လုံးများအကြောင်းကို ဗဟုသုတဖြစ်ဖွယ် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ထိုကျောက်တုံးများက သုတေသန ပညာရှင်တွေကို စူးစမ်းလေ့လာရန် တွန်းအားပေးသလို ဖြစ်ခဲ့ပါတယ်။

photo credit pngtree

အဲ့နိုင်ငံရဲ့ ဒေသခံများက လာစ်ဘိုလာစ် ဟုသိထားကြတဲ့ လုံးဝိုင်းနေသော ကျောက်လုံးများကို ချော်ရည်ခဲများဖြင့် ပြုလုပ်ထားတာ ဖြစ်ပါတယ်။ ၁၉ ရာစုနှောင်းပိုင်းနှင့် ၂၀ ရာစုဦးပိုင်းတွင် ပထမဆုံးကျောက်ထုလုံးများကို ကော့စ်ကာရီကာ နိုင်ငံနေရာ အနှံ့တွင် တွေ့ရှိခဲ့ရပါတယ်။ အဲ့ကျောက်ထုလုံးများဟာ စပိန်တို့ ထိုဒေသသို့ မရောက်ခင်ကတည်းက ရှိနေခဲ့ကြပြီး ကျောက်လုံးအများစုကို စပိန်တို့က ဖျက်ဆီးခဲ့ကြသဖြင့် သုတေသနသမားများ လေ့လာနိုင်ရန် အနည်းငယ် သာကျန်ရှိခဲ့ပါတယ်။

photo credit pngtree

ရှေးဟောင်း သုတေသနပညာရှင် တစ်ဦးဖြစ်တဲ့ ဒေါက်တာ ဆမ်လက်သရော့ပ်က အဲ့ကျောက်လုံးများကို ပကတိအတိုင်း လေ့လာခဲ့ပြီးနောက် အဖြေထုတ်ခဲ့ကြပါတယ်။ အဲ့အဖြေကတော့ ဘာသာရေး သို့မဟုတ် ဗေဒင်လက္ခဏာ ယုံကြည်များနဲ့ ဆက်နွယ်မှုရှိတယ်ဆိုတာပဲ ဖြစ်ပါတယ်။ ကျောက်လုံး အများအပြားဟာ စပိန်တို့ ကောစ်ကာရီကာနိုင်ငံအား ကျူးကျော်ခဲ့စဉ်က ပျောက်ဆုံးခဲ့ရာ ထူးဆန်းသော ကျောက်တုံးများ၏ တိကျသောအဖြေကို ထပ်မံထုတ်နိုင်ရန် ဆက်လက်ကြိုးစားနေဆဲ ဖြစ်ပါတယ်။

Source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းယူရေးခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။