ထိုင်းမင်းသားလေး Mike D'Angelo ဆိုရင် မြန်မာနိုင်ငံကပရိတ်သတ်တော်တော်များများအားပေးကြပါတယ် ။

သူဟာမြန်မာနိုင်ငံကိုလဲ ခဏခဏ လာလည်ဖူးသူပါ ။ သူရဲ့ အကြောင်းလေးကို တောင်းဆိုထားသူများအတွက်မျှဝေပေးလိုက်ပါတယ် ။

Mike ကို 1989 ဒီဇင်ဘာ 19 ရက်နေ့မှာမွေးဖွားပါတယ်

သူဟာအဆိုတော််ရောသရုပ်ဆောင်မော်ဒယ်တစ်ဦးအဖြစ်ပါ ကျော်ကြားသူပါ ။

သူ့ကို Golf-Mike Duo Group က Singer အနေနဲ့ လဲ လူသိများပါတယ် ။

Mike ဟာသားသမီး 5 ယောက်ထဲမှာ 4 ယောက်မြောက်သားပါ ။

သူ့မှာ အကို 3 ယောက်နဲ့ ညီမလေး 1 ယောက်ရှိပါတယ် ။

11 နှစ်အရွယ်မှာထဲက G-Junior ဆိုတဲ့ Group လေးအတွက် အသံဝင်စစ်ခဲ့ပြီးနောက်် Training ကာလပြီးတဲ့ အချိန်မှာ GMM Grammy concerts အတွက်ပထမဆုံး ပွဲထွက်ခဲ့တာပါ ။ သူဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိသူတစ်ယောက်ပါ ။ စကားသိပ်အများကြီးမပြောဘဲ စိုးရိမ်တတ်သူလဲဖြစ်ပါတယ် ။

သူဟာသူ့အကို Golf နဲ့ အလုပ်တွဲလုပ်ရတာကိုသဘောကျပြီး သူ့အကိုနဲ့ မကြာခဏ ငြင်းခုန်တတ်ပါသေးတယ် ။ များသောအားဖြင့်က သူပဲစတောင်းပန်တာပါတဲ့ ။

Mike က အင်းဆက်ကောင်လေးတွေကိုကြောက်ပါတယ် ။ သူဟာရှက်တတ်ပြီးတော့ ပြုံးနေရတာကိုသဘောကျပါတယ် ။ သူဟာ Single Father တစ်ယောက်လဲဖြစ်ပါတယ် ။ သူ့ရဲ့ ချစ်သူဟောင်း Sara Casinghini နဲ့ Maxwell ဆိုတဲ့ သားလေးတစ်ယောက်ရရှိထားပါတယ် ။ သူတို့ဟာ ပြတ်စဲပြီးထဲက သူငယ်ချင်းကောင်းတွေအဖြစ်ဆက်လက်ရပ်တည်နေပြီး သူတို့ရဲ့ သားလေးကိုလဲ အလွန်ချစ်မြတ်နိုးကြပါတယ် ။ သူဟာ Urassaya Sperbund နဲ့လဲ ခင်မင်တဲ့သူငယ်ချင်းတွေဖြစ်ကြပါတယ် ။ ။ရုပ်ရှင်ကားများစွာမှာ ပါဝင် သရုပ်ဆောင်ထားပြီး မင်းသမီး Aom Sushar နဲ့ အလိုက်ဖက်ဆုံးလို့မှတ်ချက်အပြုခံထားရသူပါ ။

Mike နဲ့ Aom ကို များသောအားဖြင့်အမြဲအတူတွေ့ရတတ်ပြီး ခရီးထွက်ရင်တောင် အတူတူထွက်တတ်ကြပါတယ် ။

ဒါကြောင့်မို့တရားဝင်ထုတ်ဖော်ပြောကြားထားခြင်းတော့မရှိသေးပေမယ့် ပရိသတ်အားလုံးက Mike နဲ့ Aom ကို ချစ်သူတွေအဖြစ် တစ်ညီတစ်ညွှတ်ထဲသတ်မှတ်ထားကြပါတယ် ။ အချို့သတင်းတွေအရတော့ Mike က Aom ကို ချစ်ခွင့်ပန်ထားပေမယ့် Aom ကအဖြေပြန်မပေးသေးဘူးလို့လဲ ဆိုကြပါတယ် ။

ဘယ်လိုပဲဖြစ်ဖြစ် သူတို့နှစ်ယောက်ကို တွဲတွေ့နေရတာကိုက အခြေအနေကောင်းတယ်လို့ သတ်မှတ်လို့ရတယ်မဟုတ်ပါလား ။

Fan တွေလဲ သဘောတူကြမယ်ထင်ပါတယ်။ သူတို့နှစ်ယောက်ကို အားပေးလိုက်ကြရအောင်ပါနော် ။

Source : wiki

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။