အချစ်ဆိုတာဘဝမှာ လူတိုင်းပါတ်သတ်ရတဲ့ အရာတစ်ခုပါ ။ ၅၂၈ အချစ် ၁၅၀၀ အချစ်ပဲကွဲပြားပါတယ် ။

အရွယ်ရောက်တာနဲ့ သိချင်လာတတ်တဲ့မေးခွန်းကတော့ အချစ်ဆိုတာ ဘာလဲ ဆိုတာပါပဲ ။

သန္တာလှိုင်ကတော့ အချစ်ဆိုတာ ဘာလဲ ဆိုတာကို အောက်ပါအတိုင်းပြောပြထားပါတယ် ။

" အချစ်ဆိုတာ ဘာလဲဘို့ မေးနေကြတဲ့ ကလေးတွေ...... Love is when you believe

အချစ်စစ်ဆိုတာက တကယ်ပဲ ချစ်ဖူးလာရင် ပြောစရာ မလိုအောင် သူ့အလိုလို နားလည်လာပါ လိမ့်မယ် ကလေးတို့ရေ။

အမကတော့ အတွေ့အကြုံနဲ့ ဖတ်ထားသမျှ လေ့လာထားသလောက် အရ ဘယ်အရာတွေက အချစ်မဟုတ်ဘူး လဲ ဆိုတာတော့ ပြောလို့ ရတယ်။

သူကိုတွေ့တာနဲ့ ရင်ခုန်တာ အချစ်မဟုတ်ပါဘူး။ ရင်ခုန်တာနောက်ကို လိုက်နေရင် ဒီတစ်ယောက်နဲ့ ခုန်တာ လျှော့သွားရင် နောက်တစ်ယောက်ပြီး တစ်ယောက် ဖြစ်နေတတ်တာကို သတိရပါ။ အချစ်ကြောင့် ရင်ခုန်တာ မဟုတ်ပါဘူး ဟိုမုန်းတွေကြောင့် ရင်ခုန်တာပါ။

သူ့ကို တစ်ခြားတစ်ယောက်နဲ့ သဝန်တိုတာဟာ အချစ်ကြောင့် မဟုတ်ပါဘူး။ ကိုယ်ကိုယ်တိုင်ကိုက စိတ်မလုံခြုံလို့ သို့မဟုတ် ကိုယ်ရွေးထားတဲ့ လူက မဟုတ်တာလုပ်နေလို့ပါ။ ဒုတိယ အကြောင်းအရာကြောင့် ဆိုရင် တော့ သချာစဉ်းစားပေါ့နော် အချစ်ကို ခေါင်းစဉ်တပ်ပြီး ဘာကြောင့် ကိုယ့်ကိုကို စိတ်စဉ်းရဲအောင် လုပ်နေတာလဲဆိုတာ။

သူမရှိရင် မနေတတ်ဘူး သူမရှိတဲ့ လောကထက် သေသွားတာကမှ တော်သေးတယ်ဆိုတာ အချစ်မဟုတ်ပါဘူး။ ကိုယ်တစ်ယောက်ထဲ နေရမှာကြောက်လို့ တစ်ယောက်ထဲ ပျော်အောင် မနေတတ်လို့ပါ။ ကိုယ့်ကိုယ်ကိုထက် ကိုယ့်အပျော်အတွက် သူများကို အားကိုးနေလို့ပါ။ ကိုယ်တစ်ယောက်ထဲ နေတတ်လာမှ ကိုယ့ကိုယ်ကို ဘယ်လို ချစ်ရမလဲဆိုတာ သိလာပါလိမ့်မယ် ကိုယ့်ကိုယ်ကိုမှ အရင်ဆုံး မချစ်တတ်ဘူးဆိုရင် သူများကိုချစ်တယ်ဆိုတာရော စစ်မှန်ပါ့မလားနော်?

ထပ်ရေးချင်သေးတယ် နောက်နေ့ ထပ်ရေးပါဦးမယ် ခလေးတို့ရေ "

မသန္တာလှိုင်ပြောတာလေးကိုကြည့်ပြီးပြီဆိုရင် ကိုယ်အခုကြုံတွေ့နေရတဲ့ အချစ်ဟာ အချစ်စစ်ဟုတ်လား မဟုတ်ဘူးလားလို့ မိမိကိုယ်ကိုယ် ပြန်လည်ဆန်းစစ်ကြည့်လို့ရတာပေါ့နော် .... ။

Source : Thandar Hlaing 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။