အချစ်ဆိုတာ လူတိုင်းကြုံဖူးတဲ့ ကိစ္စတစ်ခုဖြစ်ပေမယ့် မချစ်သင့်တဲ့သူကိုချစ်မိရင် စိတ်ပင်ပန်းရတတ်ပါတယ်။ တစ်ဖက်သတ်အချစ်ဟာ တခါတလေ ပျော်ဖို့ကောင်းပြီး ၊ကြည်နူးစရာကောင်းတဲ့အခိုက်အတန့်လေးတွေရှိပေမယ့် အလွန်အကြူးစွဲလန်းမိရင်တော့ အစွန်းရောက်တဲ့ဘက်ဖြစ်သွားတတ်ပါတယ်။

မလေးရှားနိုင်ငံမှာနေထိုင်တဲ့ Jocye Lee ဆိုတဲ့ကောင်မလေးဟာ သူတစ်ဖက်သတ်ချစ်နေတဲ့ ကောင်လေးဆီကို ဖေ့ဘုတ်စ်ကနေတစ်ဆင့်၊ ဖုန်းကနေတစ်ဆင့် စာတွေပို့၊ ဓာတ်ပုံတွေပို့လေ့ရှိပါတယ်။

ဖြစ်ချင်တော့ Jocye စိတ်ဝင်စားနေတဲ့ ကောင်လေး Danny ဆီမှာ ချစ်သူရှိနေပါတယ်။ Danny ဟာ သူ့မှာချစ်သူရှိတဲ့အတွက် ဒီကောင်မလေး အဆက်သွယ်မလုပ်နိုင်အောင် ဖေ့ဘုတ်ကနေ ဘလော့တာရော ၊ဖုန်းတွေမှာရော အဆက်သွယ်ဖြတ်ခဲ့ပါတယ်။

ဒါပေမယ့် သူဘယ်လိုပဲအဆက်သွယ်ဖြတ်ဖြတ် ကောင်မလေးဟာ နောက်ထပ်အကောင့်သစ်တွေဖွင့်ပြီး သူ့ရဲ့ ဖေ့ဘုတ်အကောင့်အောက်မှာ ဓာတ်ပုံတွေလာပို့ပြန်ပါတယ်။

“ချစ်ယောကျာ်း …ကျမ အသဲလေး” ဆိုပြီး စာတွေရေးပြီး ဖေ့ဘုတ်စ်မှာ ရှဲတာမျိုးတွေလည်း လုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒါကိုနောက်ဆုံးသည်းမခံနိုင်တော့တဲ့အဆုံးမှာ Danny က အဲ့ဒီကောင်မလေးကို သူ့မှာချစ်သူရှိကြောင်း ဒီလုပ်ရပ်က စက်ဆုပ်ရွံရှာဖို့ကောင်းကြောင်း ထပ်ပြီးမပတ်သက်ဖို့ သတိပေးခဲ့ပါတယ်။ အချစ်စစ်မွှန်နေတဲ့ Jocye ကတော့ အခုလိုသွေးအေးအေးပြန်ပြောခဲ့တာပါ။ “ရှင်ကျွန်မကို လူမှုကွန်ရက်တွေမှာ ဘယ်လိုပဲ ဘလော့နေပါစေ အဆက်သွယ်ဖြတ်နေပါစေ ကျွန်မကတော့ မမှုပါဘူး အကောင့်သစ်တွေ ဖွင့်ပြီး ရှင့်ဆီ အမြဲဆက်နေမှာပဲ” လို့ ဆိုပါတယ်။

ဒါပေမယ့်လည်း အစွဲအလန်းကြီးလွန်းတဲ့ Joyce ကတော့ သူမကြိုက်နေတဲ့ Danny နဲ့ လမ်းခွဲပေးဖို့ သူ့ရဲ့ ချစ်သူကောင်မလေးကို မလေးရှားေငြ (၁)သန်းကျော်ပေးမယ်ဆိုပြီး တောင်းဆိုခဲ့ပါတယ်။  

သတင်းအရင်းမြစ် viral4real

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။