ကစ်ကိုချစ်တဲ့ပရိသတ်တွေ သိကိုသိထားသင့်တဲ့ ကစ်အကြောင်း။ သူ့ကိုယ်သူ ကစ်ကစ်ရယ်လို့ နာမ်စားသုံးပြီး ကိုက်ဆွဲချင်စရာကောင်းလောက်အောင် ချစ်ဖို့ကောင်းတဲ့ ဝတ်မှုန်ရွှေရည်ရဲ့ Biography အကြောင်းပဲဖြစ်ပါတယ်။

ဝတ်မှုန်ရွှေရည်ကို 10.8.1988 မှာ မွေးဖွားခဲ့ပြီး လက်ရှိမှာတော့ အသက်၂၉နှစ်အရွယ်ရှိပြီဖြစ်ပါတယ်။ သူမဟာ ဗုဒ္ဓဟူးနေ့ဖွားမင်းသမီးတစ်လက်ဖြစ်ပြီး သွေးအမျိုးအစားကတော့ A ဖြစ်ပါတယ်။ မိဘနှစ်ပါးနာမည်ကတော့ ဦးဝင်းသိန်းနိုင်နဲ့ ဒေါ်မီမီလွင်ဖြစ်ပြီး သူမရဲ့ချစ်စနိုးအမည်ကတော့ ကစ်ကစ် ဒါမှမဟုတ် မှုန်မှုန်ပါတဲ့။ 

ကစ်ကစ်ဟာ မိုးကုတ်ဇာတိဖြစ်ပြီး ညီမလေးတစ်ယောက်ရှိပြီး ညီမလေးရဲ့နာမည်ကတော့ နဒီရွှေရည်လို့ခေါ်ပါတယ်။ ကစ်ဟာ သူငယ်တန်းကနေ နှစ်တန်းအထိ မိုးကုတ်မှာပညာသင်ယူခဲ့ပြီး သုံးတန်းကနေ ဆယ်တန်းအထိကိုတော့ အထက(၂)ကမာရွတ်မှာသင်ကြားခဲ့ပြီး အဝေးသင်အင်္ဂလိပ်စာနဲ့ ဘွဲ့ရထားသူဖြစ်ပါတယ်။

ဝတ်မှုန် အနုပညာလောကထဲဝင်လာတဲ့အချိန်ကတော့ ၂၀၀၅ခုနှစ်မှာ Fresh White C cosmetic နဲ့ နေတိုးနဲ့အတူရိုက်ကူးခဲ့တဲ့ DG Shampoo ကြော်ငြာတွေကနေ စတင်ခဲ့တာဖြစ်ပါတယ်။ ပထမဆုံးရုပ်ရှင်ဇာတ်ကားကတော့ စိုင်းစိုင်းခမ်းလှိုင်နဲ့ ရိုက်ကူးထားတဲ့ ဝတ်မှုံမျှော်တဲ့လိပ်ပြာ ဇာတ်ကားပဲဖြစ်ပါတယ်။

ဝတ်မှုန်ဟာ စာဖတ်တာ ၊သီချင်းနားထောင်၊သီချင်​းဆိုတာ နှစ်သက်သူတစ်ဦးဖြစ်ပြီး ၂၀၁၃ခုနှစ်မှာ နင်စေရင်ဇာတ်ကားနဲ့အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု၊ ၂၀၁၄မှာ နှလုံးသားဖြင့်ပြုလုပ်သည်ဇာတ်ကားနဲ့အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆု စတဲ့ အကယ်ဒမီထူးချွန်ဆုနှစ်ဆု ဆက်တိုက်ရရှိခဲ့ပြီး အကယ်ဒမီပေးပွဲတိုင်းမှာ တစ်ကြိုပေးခံရတဲ့ မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်။

Source : Forever Kit's Fan

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။