ပရိသတ်ကြီးရေ ဒီတစ်ပါတ်မှာတော့ ကမ္ဘာပေါ်မှာရှိတဲ့ ကြောက်မက်ဖွယ်ရာ အကောင်းဆုံး နေရာတွေထဲကမှ တစ်ခုအပါအဝင်ဖြစ်တဲ့ "Aokigahara" အအိုကိဂဟရ တောအုပ်အကြောင်းကို ရေးသားတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ အဲ့တောအုပ်ကြီးကို Suicide forest လို့ လူသိများကြတာ ဖြစ်ပြီး တစ်ကယ့်ကို ကျောချမ်းစရာ နေရာကြီးဖြစ်ပါတယ်။ အနုပညာသတင်း၊ အားကစားသတင်း၊ ကမ္ဘာအနှံ့မှာရှိတဲ့ ဗဟုသုတသတင်း စုံလင်ကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ ကျွန်ုပ်တို့ Myanmarload page ကို like and follow လုပ်ထားဖို့တော့ မမေ့ပါနဲ့ဦးနော်။

Photo credit Once A Glance Page

ဂျပန်နိုင်ငံမှာ အဲ့တောအုပ်ကြီးအပြင် အခြားကြောက်မက်ဖွယ်ရာ နေရာတွေကတော့ "NAKAGUSUKU" ဟော်တယ် အဟောင်းကြီး၊ "INUKANE" လှိုင်ခေါင်းကြီး အစရှိတာတွေပဲ ဖြစ်ပါတယ်။ အဆိုပါ နေရာတွေထဲကမှ Suicide forest ကတော့ ပိုပြီး လူသိများ စိတ်ဝင်းစားတဲ့ နက်နဲသော နေရာကြီးလို့ ဆိုရမှာပါ။ Suicide forest ဆိုတဲ့အတိုင်း အဲ့တောအုပ်ကြီးထဲမှာ မိမိကိုယ်ကို အဆုံးစီရင်သော ဝိညာဉ်တွေနဲ့ ပြည့်နှက်နေတာ ဖြစ်ပါတယ်။ သရဲဖမ်းသမား တွေကတော့ အဲ့နေရာကြီးထဲကို မကြောက်မရွံ့ဝင်ရောက် ကြည့်ရှုကြပြီး မှတ်တမ်းတင် ရိုက်ကူးတာမျိုးတွေ ရှိခဲ့ပါတယ်။

Photo credit pngtree

ဂျပန်နိုင်ငံ ဖူဂျီ မီးတောင်ရဲ့ အောက်ခြေက "Aokigahara" တောအုပ်မှာ 1950 ခုနှစ်ကစပြီး လူပေါင်း ၅၀၀ ခန့် ကိုယ့်ကိုယ်ကို အဆုံးစီရင် ခဲ့ကြပါတယ်။ နောက်ပိုင်းခေတ် အဆက်ဆက်တွေမှာလည်း အဲ့နေရာက မိမိကိုယ်ကို သတ်သေတဲ့ အစဉ်အလာ နေရာဖြစ်သွားပါတော့တယ်။ suicide လုပ်တဲ့ လူတွေ များလွန်းလာတဲ့ အတွက်ကြောင့် ထိုတောအုပ်ရဲ့ အဝင်အဝမှာ သတိပေးတဲ့အနေနဲ့ ဆိုင်းဘုတ်လေး တစ်ခု ချိတ်ဆွဲထားပါတယ်။ အဲ့ဆိုင်းဘုတ်မှာ ရေးသားထားတဲ့ စာလေးကတော့ "တန်ဖိုးရှိတဲ့ သင့်ဘဝကို သင့်မိဘတွေ ပေးခဲ့တာပါ၊ သင်သေဖို့ မဆုံးဖြတ်ခင်မှာ ရဲနဲ့ တိုင်ပင်သင့်တယ်" ဆိုပြီး သတိပေးမှာကြားထားတာ ဖြစ်ပါတယ်။

Source Once A Glance Page

Photo credit pngtree 

Photo credit Once A Glance Page

သတင်းဖော်ပြခွင့်ပေးတဲ့ "သံ ဇဉ် မိုးဇတ်"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။