ခေတ်ရေစီးကြောင်းပြောင်းလဲမှုနဲ့ အညီ လူငယ်တွေကြားမှာ ဖက်ရှင်ဒီဇိုင်းတွေဟာ မရှိမဖြစ်အရေးပါတဲ့ အကြောင်းအရာတစ်ခုဖြစ်နေပါပြီ။ လူငယ်တွေရဲ့ ဖက်ရှင်ပုံရိပ်တွေကို ပိုမိုထင်ရှားပေါ်လွင်စေမည့် စမတ်ဖုန်းတစ်လုံးကို ကမ္ဘာ့ထိပ်တန်း နည်းပညာ ကုမ္ပဏီကြီးဖြစ်တဲ့ Vivo ကနေပြီး သစ်လွင်ထင်ရှားတဲ့ ဒီဇိုင်းနဲ့ ဖန်တီးထားတဲ့ Vivo S1 Pro ကို မြန်မာနိုင်ငံဈေးကွက်မှာ မကြာသေးမီရက်ပိုင်းကမှ မိတ်ဆက်ရောင်းချပေးလိုက်ပြီဖြစ်ပါတယ်။ စမတ်ဖုန်း သုံးစွဲသူတွေအတွက် အမြဲတမ်းဦးစားပေးဆောင်ရွတ်တဲ့ Vivo အနေနဲ့ ယခုအခါမှာလည်း Vivo S1 Pro ကို အကောင်းဆုံးနည်းပညာတွေ ခေတ်မှီဆုံးဒီဇိုင်းနဲ့ ဖန်တီးထုတ်လုပ်ထားပါတယ်။

Photo Credit:Commercial Article

Vivo S1 Pro မှာတော့ လူငယ်တွေရဲ့ ဖက်ရှင်ပုံရိပ်ကို မြင့်တက်သွားစေနိုင်တဲ့ ထူးခြားသစ်လွင်တဲ့ စိန်ပွင့်ပုံစံဒီဇိုင်း AI စနစ်သုံး နောက်ကျောဘက် ကင်မရာလေးလုံး တပ်ဆင်ပေးထားပါတယ်။ Selfie အတွက်လည်း 32MP AI Beauty Mode နဲ့ Water Drop selfie ကင်မရာတပ်ဆင်ပေးထားပါတယ်။ ဒါတွေတင်မကပဲ Vivo ရဲ့ Signature Photography နည်းပညာနဲ့ အကောင်းဆုံးဆော့ဖ်ဝဲလ်တွေ ထည့်သွင်းပေးထားတာကြောင့် သင့်ရဲ့ဖက်ရှင်တွေ ပုံရိပ်တွေကို အကောင်းဆုံးဖန်တီးနိုင်မှာဖြစ်ပါတယ်။ လူငယ်တွေစိတ်ကြိုက်တွေ့စေမယ့် ၆.၃၈ လက်မအရွယ် Full HD + Super AMOLED မျက်နှာပြင်တပ်ဆင်ထားပြီး In-display Fingerprint System ကိုလည်း ထည့်သွင်းပေးထားပါတယ်။ Snapdragon 665 Processor အတူ 8GB RAM အပြင် 128GB ROM တို့ကိုတပ်ဆင်ထားတာကြောင့် Multitasking နဲ့ Gaming လုပ်ဆောင်ချက်တွေ အထူးကောင်းမွန်နေမှာပါ။ ဒါအပြင် 4500 MAH Battery၊ Dual Engine Fast Charging နဲ့ဆိုတော့ ဂိမ်းဆော့ရင်း အားကုန်မှာ စိတ်ပူစရာမလိုတော့ဘူးပေါ့။ Operating System ကို Android 9 (Funtouch OS 9.2) ကိုသုံးထားပေးပါတယ်။ အရောင်ကိုလည်း အထူးခြားဆန်းပြားတဲ့ Black (အနက်) နဲ့ Dreamy White (အဖြူ) ဆိုပြီး အရောင်ပြေးကာလာ ၂ မျိုးကို ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

Photo Credit:Commercial Article

၂၀၂၀ မှာ သင်တို့ရဲ့ ဖက်ရှင်ဒီဇိုင်းတွေ အထာကျကျလှပနေစေဖို့အတွက် “Upgrade Your Style” ဆိုတဲ့ အတိုင်း တကယ်တစ်ခြားစမတ်ဖုန်းနဲ့ မတူပဲကွဲထွက်နေတဲ့ စိန်ပွင့်ပုံစံ နောက်ကျောဘက်ကင်မရာ လေးလုံးပါတဲ့ Vivo S1 Pro အခုပဲပြေးဝယ်လိုက်တော့နော်။

အော်… မေ့နေလို့ Vivo S1 Pro ရဲ့ဈေးကတော့ ၄၂၉၈၀၀ ကျပ်နဲ့ ရောင်းချပေးနေပြီဖြစ်ပါတယ်။

Photo Credit:Commercial Article

SOURCE:Commercial Article

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။