၂၀၁၉ ခုနှစ် MPT မြန်မာနေရှင်နယ်လိဂ်ရဲ့ အကောင်းဆုံး နည်းပြဆုကို ရှမ်းယူနိုက်တက်အသင်းနည်းပြချုပ် ဦးအောင်နိုင်က ရရှိသွားခဲ့ပါတယ်။ ရှမ်းယူနိုက်တက်အသင်းနည်းပြချုပ် ဦးအောင်နိုင်က ပြီးခဲ့တဲ့ မြန်မာနေရှင်နယ်လိဒ်အမှတ်ပေးရာသီကရှုမ်းယူနိူက်တတ်အသင်းကိုဆုဖလားရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

photo credit: shan united fc's facebook
photo credit: shan united fc's facebook

အကောင်းဆုံးနည်းပြဆုရှင် ဆရာဦးအောင်နိုင်ကတော့ ချန်ပီယံဖြစ်တဲ့အတွက် ၀မ်းသာပါတယ်။ ရှုံးပွဲမရှိဘဲ ဖြစ်လို့ ပိုဂုဏ်ယူပါတယ်။အသင်းကို ပံ့ပိုးပေးနေတဲ့ ဥက္ကဋ္ဌကြီး၊ အသင်းပိုင်ရှင်တွေနဲ့ အုပ်ချုပ်မှုအဖွဲ့တွေ၊ နည်းပြတွေ၊ ကစားသမားတွေ အားလုံး အားလုံးကောင်းလို့ ချန်ပီယံ ဖြစ်ခဲ့တာပါ။

photo credit: shan united fc's facebook
photo credit: shan united fc's facebook

ချန်ပီယံဖြစ်လို့လဲ ဒီဆုကိုရခဲ့တာပါ။ ဘ၀အတွက် အမှတ်တရပေါ့လေ။တကယ် ကြည်နူးမိပါတယ်။ဒီနှစ်လည်း ထပ်ကြိုးစားမယ်။ ပရိသတ်တွေလည်း ပျော်ရမယ်။ ဒီနှစ်အသင်းမှာ လူကြီး လူငယ် မခွဲခြားဘဲ အသင်းအတွက် ပိုကစားနိုင်တဲ့သူ၊ ပိုအကျိုးရှိတဲ့သူကိုပဲ နေရာပေးသွားမယ်။ အကောင်းဆုံး လုပ်ပြနိုင်တဲ့သူတွေပဲ နေရာရမယ်။ကျေးဇူးတင်ပါတယ်ဆိုပြီးပြောထားခဲ့ပါတယ်။

source: shan united fc's facebook

photo credit: shan united fc's facebook
photo credit: shan united fc's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။