နာမည်ကျော်ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုက်တက် အသင်း ဂန္တဝင်ကစားသမား ရွန်နီဂျွန်ဆင်နှင့် မန်ယူအသင်းနည်းပြများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့သို့ လာရောက်ပြီး မေလ ၁၄ ရက်နှင့် ၁၅ ရက်နေ့တို့တွင် လူငယ် ၁၅၀ ကျော်ကို ဘောလုံးနည်းစနစ်များ လေ့ကျင့်ပေးခဲ့ကြောင်း သိရှိရသည်။

မန်ချက်စတာယူနိုက်တက်အသင်းအနေဖြင့် ပုသိမ်မြို့သို့ ပထမဆုံးအကြိမ် တရားဝင် ရောက်ရှိသည့် ခရီးစဉ်ဖြစ်ခဲ့ပြီး ခရီးစဉ်အတွင်း Manchester United Soccer School ကို ပုသိမ်မြို့တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။အဆိုပါ ခရိးစဉ်ကို ဧရာဝတီတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးနည်းပညာ များ ကူညီပေးနေသည့် ဂျပန်နိုင်ငံ Manda ကုမ္ပဏီရဲ့ ချိတ်ဆက်ဖိတ်ခေါ်မှုအရ လာရောက်ခြင်းဖြစ်ပြီး ဧရာဝတီ ယူနိုက်တက် ဘောလုံးအကယ်ဒမီမှ လူငယ်များ၊ နွေရာသီဘောလုံးသင်တန်းမှ လူငယ်များနှင့် တိုင်းဒေသကြီး အတွင်းမှ လူငယ်များကို ဘောလုံးနည်းစနစ်များ လေ့ကျင့်ပေးခဲ့ကြောင်း Manda ကုမ္ပဏီတာဝန်ရှိသူများထံမှ သိရသည်။

“လူငယ်တွေဆိုတာ တိုင်းပြည်ရဲ့အနာဂတ်ပါပဲ၊ လူငယ်တွေကို ပြုစုပျိုးထောင်ပေးတာ တိုင်းပြည်အနာဂတ်ကို ပြုစုပျိုးထောင်ပေးတာပါပဲ။ Manda ကုမ္ပဏီအနေနဲ့လည်း ဒီကိုလာရောက်ပြီး ဒီကပြည်သူတွေပျော်ရွှင်အောင်ပါ လုပ်ဆောင်ပေးနိုင်လို့ ကျေနပ်မိပါတယ်။” ဟု Manda ကုမ္ပဏီတာဝန်ရှိသူတစ်ဦးက ပြောသည်။

Source: Manda

Aung 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။