ချစ်စရာကောင်းလွန်းတဲ့ အပြုံးလေးတွေနဲ့ ပရိသတ်တွေရဲ့ အချစ်ကို သိမ်းပိုက်ထားတဲ့ မင်းသမီးချောလေး နန်းစန္ဒာလှထွန်းကတော့ ပရိသတ်တွေရဲ့ ရင်ထဲမှာ ဝင်ရောက်နေရာယူထားနိုင်တဲ့ အနပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမကတော့ MRTV 4 ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်နေပြီး ပါဝင်တဲ့ ဇာတ်ရုပ်တိုင်းမှာ အကောင်းဆုံးသရုပ်ဆောင်နိုင်သူလေးပဲ ဖြစ်ပါတယ်။

photo credit : Nan Sandar Hla Htun 's facebook
photo credit : Nan Sandar Hla Htun 's facebook

သူမကတော့ ယခုမှာ အနပညာလှုပ်ရှားမှုအနေနဲ့ ဇာတ်လမ်းတွဲတွေကိုလဲ ရိုက်ကူးနေသလို ကြော်ငြာတွေကိုလဲ ရိုက်ကူးနေရသူလေးပဲ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အခိုင်အမာနေရာယူထားနိုင်တဲ့ မင်းသမီးချောလေးနန်းစန္ဒာလှထွန်းကတော့ အထာကျကျဂေါ်နေတဲ့ အမိုက်စားပုံစံလေးနဲ့ ချစ်စရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေကို ထုတ်ပြလိုက်ပါတယ်။

photo credit : Nan Sandar Hla Htun 's facebook
photo credit : Nan Sandar Hla Htun 's facebook

သူမကတော့ " တခါတလေတော့လည်း မင်း ဆော့နေတဲ့ ဂိမ်းထဲကဇာတ်ကောင်လေးသာဖြစ်လိုက်ပါတော့လား မင်း အာရုံစူးစိုက်မှုကို အပြည့်အဝရဖူးချင်လို့ပါ " ဆိုပြီး ချစ်စရာကောင်းတဲ့ ပုံရိပ်လေးနဲ့အတူ လူမှုကွန်ယက်ထက်မှာ ရေးသားထားခဲ့တာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် နန်းစန္ဒာလှထွန်းရဲ့ ချစ်စရာပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

source: Nan Sandar Hla Htun 's facebook 

photo credit : Nan Sandar Hla Htun 's facebook
photo credit : Nan Sandar Hla Htun 's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။