ပရိသတ်ကြီးရေ.....ဒီတစ်ပါတ်မှာတော့ ဟော့ဖ်ဘာ့ခ်နန်းတော် (Hofburg Imperial Palace) အကြောင်းကို ဗဟုသုတအနေနဲ့ မှတ်သားသိရှိစေရန် ရေးသားဖော်ပြ ပေးသွားမှာဖြစ်ပါတယ်။ အဲ့နန်းတော် အကြောင်းမပြောပြသေးခင် နိုင်ငံ အရပ်ရပ်က အကြီးအကဲတို့ အခြေစိုက်နေထိုင်ကြတဲ့ နန်းတော် စံအိမ်များ ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်းကို ပြောပြပေးသွားပါ့မယ်။ လူသားတို့ဟာ ကမ္ဘာမြေပေါ်မှာစပြီး ရှင်သန်ပေါက်ဖွားလာ ကတည်းက တစ်ဦးတစ်ယောက်တည်း နေထိုင်ခဲ့ကြတာမဟုတ်ဘဲ အစုလိုက်အဖွဲ့လိုက် နေထိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

photo credit pngtree

အဲ့လို မျိုးနွယ်စုလိုက်နေထိုင်ရင်း ရာစုနှစ်တွေ ကြာလာတဲ့အခါမှာတော့ နိုင်ငံတွေ၊ တိုင်းပြည်တွေ ဆိုပြီးပေါ်ထွန်းလာခဲ့ပါတယ်။ ထို့နောက် အုပ်ချုပ်သူ များလည်း ရှိလာခဲ့ပြီး အဲ့လူများ အခြေစိုက်နေထိုင်ရန်အတွက် အဆောက်အအုံများကို စီမံ ဆောင်ရွက် ပေးခဲ့ကြတာ ဖြစ်ပါတယ်။ ယဉ်ကျေးမှု ထွန်းကားလာတာနဲ့အမျှ ဗိသုကာ၊ အနုပညာလက်ရာမြောက်လှသော နန်းတော်စံအိမ်များကို တည်ဆောက်ခဲ့ကြပြီး ယခုအချိန်မှာ ထိုနန်းတော်စံအိမ်များဟာ ကမ္ဘာပေါ်ရှိ လူအများတို့ စိတ်ဝင်စားစရာ နေရာများ ဖြစ်နေကြပါတယ်။ အဲ့ထဲတွင် ဟော့ဖ်ဘာ့ခ် နန်းတော်ကလည်း တစ်ခုအပါအဝင် ဖြစ်ပါတော့တယ်။

photo credit pngtree

ဟော့ဖ်ဘာ့ခ်နန်းတော်ဟာ သြစတြေးလျ ဗီယင်နာမြို့မှာတည်ရှိပြီး အဲ့နိုင်ငံသမ္မတရဲ့ တရားဝင်ရုံးစိုက်ရာ စံအိမ်တော် ဖြစ်ပါတယ်။ ဟော့ဖ်ဘာ့ခ်နန်းတော်မှာ ၁၄၃၈ ခုနှစ်မှ ၁၅၈၃ ခုနှစ်နှင့် ၁၆၁၂ ခုနှစ်မှ ၁၈၀၆ ခုနှစ်အထိ ရိုမန် အင်ပါယာ ဘုရင်များ နန်းစိုက်ခဲ့ကြတာဖြစ်ပြီး၊ ပထမကမ္ဘာစစ်ပြီးတဲ့ ၁၉၁၈ ခုနှစ် နောက်ပိုင်းမှစ၍ သြစတြေးလျ ဧကရာဇ်များ နန်းစိုက်ခဲ့ကြတာဖြစ်ပါတယ်။ အခုတင်ဆင်ပေးသွားတဲ့ နန်းတော် အကြောင်းကို နှစ်သက်ကြတယ်ဆိုရင် like and share လေးလုပ်ပြီး အားပေးသွားပါဦးနော်။

Source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။