စိတ်လှုပ်ရှား ခြောက်ခြားမှုခံစားချက်ကို အပြည့်အဝပေးတဲ့ နေရာတွေထဲဟာ များသောအားဖြင့် ဆေးရုံပျက်၊ ထောင်ပျက်ကြီးတွေ၊ လူမနေတော့တဲ့ ရှေးဟောင်း အဆောက်အအုံကြီးတွေ၊ ပုဏ္ဏကတိုက်တဲ့ အိမ်တွေ၊ သင်္ချိုင်းအုတ်ဂူတွေရှိရာ နေရာပဲဖြစ်ပါတယ်။ အဲ့လိုနေရာမျိုးတွေဆို မြင်အပ်၊ မမြင်အပ်တဲ့ နာနာလောက သားတွေ၊ သဘာဝလွန်ဖြစ်ရပ်ဆန်းတွေ ရှိတာ၊ မရှိတာကို အပထားပြီး အလိုလိုနေရင်းနဲ့ကို ကြောက်စိတ်တွေ ဝင်လာတာ ဖြစ်ပါတယ်။ အခုဖော်ပြပေးမယ့် အီတလီနိုင်ငံရှိ စိတ်ရောဂါကု ဆေးရုံအပျက်ကြီးဟာလည်း ပရိသတ်တွေရဲ့ စိတ်ကို ြခောက်ခြားလာစေမှာ အမှန်ပင် ဖြစ်ပါတယ်။

Photo credit pngtree

စိတ်ရောဂါ ဆေးရုံကြီးဆိုတဲ့အတိုင်း စိတ္တဇ ရောဂါသည်တွေဟာ ထောင်နဲ့ သောင်းနဲ့ချီပြီးရှိတာ ဖြစ်ပါတယ်။ အချို့လူနာတွေရဲ့ စိတ်ရောဂါ အခြေအနေဟာ ဆိုးရွားလွန်းတဲ့အတွက်ကြောင့် အခြား လူနာတွေနဲ့ ရောထားလို့ မရပဲ တိုက်ပိတ်ထားတွေရှိပါတယ်။ အဲ့လိုလူမျိုးတွေသာ အပြင်လောက လူမှုအသိုင်းအဝိုင်းထဲရောက်သွားရင် တွေးတောင်မတွေးရဲပါဘူး။ နောက်ပိုင်းမှာ ဆရာဝန်တွေကို ပြန်လည်တိုက်ခိုက်တာတွေရှိလာတာကြောင့် အဲ့ဆေးရုံကြီးကို ပိတ်ပင်ဖို့အထိပါဖြစ်လာပါတယ်။

Photo credit pngtree

အခု ဒီဆေးရုံကြီးမှာ လူနာတွေကော၊ ဆရာဝန်တွေကော တစ်ယောက်မှမရှိတော့ပါဘူး။ ရှိတာကတော့ ဆေးရုံဖွင့်စဉ်ကာလက မတော်တဆ သေးဆုံးသွားတဲ့ ဝိညာဉ်တွေသာ ကျန်ရစ်နေပါတော့တယ်။ ပင်ကိုယ်က ကြောက်စရာကောင်းတဲ့ပုံပေါ်နေပြီး ဆိုးရွားတဲ့သတွင်းတွေကြောင့် သတ္တိခဲတွေတောင် သွားရောက်လည်ပတ်ဖို့ဆိုတာဟာ ကျောချမ်းစရာ ကိစ္စတစ်ခု ဖြစ်ခဲ့ပါတယ်။ အာဂ သတ္တိရှိတဲ့ ပန်းချီ အနုပညာရှင် "Herbert" ဆိုသူက စိတ္တဇ သရဲပုံရိပ်တွေကို အဲ့ဆေးရုံကြီးရဲ့ နံရံတွေမှာ ထပ်မံသွားရောက် ရေးဆွဲခဲ့ပါတယ်။ အဓိပ္ပါယ်ကတော့ "နာကျင်နေတဲ့ ဝိညာဉ်တွေရဲ့ ဘဝကို ဒီကိုခေါ်ထားမှာတော့ သူတို့က ဒီမှာဘဲ နေကြမှာပေါ့" ဆိုတာပဲ ဖြစ်ပါတယ်။

Source Once A Glance Page

Photo credit pngtree

Photo credit pngtree
Photo credit pngtree

သတင်း ဖော်ပြခွင့်ပေးတဲ့ "သံ ဇဉ် မိုးဇတ်"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။