ပရိသတ်ကြီးရေ အဆိုတော်စန္ဒီမြင့်လွင်ကတော့ သူမကိုအရမ်းချစ်ပြီးကြင်နာယုယပေးတဲ့ ခင်ပွန်းကောင်းတစ်ယောက်ကိုပိုင်ဆိုင်ထားသလို သူမလိုပဲချစ်စရာကောင်းတဲ့ သမီးလေးကိုလည်းမွေးဖွားထားတာဖြစ်ပါတယ်Treasureလေးက‌တော့ ၅လကျော်အရွယ်ကိုရောက်ရှိလာပြီး ပြည့်ပြည့်ဖောင်းဖောင်းလေးနဲ့အရမ်းချစ်ဖို့ကောင်းပါတယ်နော်။

Photo Credit:Sandy Myint Lwin's Page
Photo Credit:Sandy Myint Lwin's Page

မေမေဒီဒီးကလည်း သမီးလေးကို သေချာဂရုစိုက်စောင့်ရှောက်ပေးပြီး ဘေးနားမှာတစ်ချိန်လုံးနေကာ ပြုစုယုယပေးနေတာဖြစ်ပါတယ်။စန္ဒီမြင့်လွင်တို့မိသားစုဘဝလေးက အရမ်းပျော်ရွှင်စရာကောင်းပြီး သာယာအေးချမ်းလို့ ပရိသတ်ကြီးကလည်း သူမတို့မိသားစုပုံရိပ်လေးတွေကိုကြည့်ပြီး ကြည်နူးနေရတာပါနော်။

Photo Credit:Sandy Myint Lwin's Page
Photo Credit:Sandy Myint Lwin's Page
Photo Credit:Sandy Myint Lwin's Page

အခုဆိုရင်တော့ စန္ဒီမြင့်လွင်တို့မိသားစုသုံးယောက်က နှစ်သစ်ရဲ့အစလေးကို ကောင်းမှုကုသိုလ်တွေပြုလုပ်ရင်း စတင်လိုက်တာဖြစ်ပါတယ်။သစ်တံခါးဆရာတော်ဘုရားကြီးရဲ့ မေတ္တာဓာတ်ကိုခံယူပြီး မိသားစုသုံးယောက်ရဲ့ နှစ်ဦးအလှူပုံရိပ်လေးကို ချစ်ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Sandy Myint Lwin's Page
Photo Credit:Sandy Myint Lwin's Page

Photo Credit:Sandy Myint Lwin's Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။