မေလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ သရုပ်ဆောင်မင်းသမီးချောလေး မေမြင့်မိုရ်ကတော့ အနုပညာလောကမှာ ယောင်္ကျားလေး မိန်းကလေး ပရိသတ်မရွေး အားလုံးက ချစ်ခင်အားပေးနေသူလေးပါ..။

ချစ်စရာကောင်းတဲ့ ဟန်ပန်လေးတွေနဲ့ အေးချမ်းတဲ့ အလှတရားတွေအပြင် သရုပ်ဆောင်ပိုင်နိုင်ပီပြင်မှုတွေကြောင့်လည်း အောင်မြင်တဲ့ အနုပညာရှင်အဖြစ် ရပ်တည်နေတာပဲ ဖြစ်ပါတယ်နော်..။

Photo Credit - Aung Kyaw Tun Photography
Photo Credit - Aung Kyaw Tun Photography

အောင်မြင်တဲ့ အနုပညာရှင်တစ်ဦးအဖြစ် ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးနေတဲ့ ပြည်သူ့အသည်းကျော်လေး မေကတော့ အေးချမ်းပြီး ကျော့ရှင်းတဲ့ သူမရဲ့ပင်ကိုယ်အလှတရားတွေနဲ့ ပရိသတ်တွေရဲ့ အမြင်အာရုံတွေကို အမြဲဖမ်းစားတတ်သူလေးပဲ ဖြစ်ပါတယ်နော်..။

ပရိသတ်အသည်းကျော်လေး မေမြင့်မိုရ်ကတော့ ဆွဲဆောင်မှုရှိပြီး ချစ်စရာကောင်းတဲ့ သူမရဲ့အလှပုံရိပ်လေးတွေကို မျှဝေရင်း နှစ်သစ်ကို ကြိုဆိုလိုက်ပါတယ်နော်..။

Photo Credit - Aung Kyaw Tun Photography
Photo Credit - Aung Kyaw Tun Photography
Photo Credit - Aung Kyaw Tun Photography

"အသက်ရှုဖို့ လေကိုလိုအပ်သလို

'2020' မှာချစ်ရတဲ့သူတွေရဲ့ အချစ်တွေများများရဖို့လိုအပ်တယ်... Happy New Year 2020.." ဆို နှစ်သစ်ကို ချစ်စရာပုံရိပ်လေးတွေနဲ့ ကြိုဆိုလိုက်တာပဲ ဖြစ်ပါတယ်နော်..။

သူမနဲ့လိုက်ဖက်ပြီး ချစ်စရာကောင်းနဲ့ ဖက်ရှင်လေးနဲ့ ကျော့ကျော့ရှင်းရှင်း လှသွေးကြွယ်ကာ နှစ်သစ်ကို ကြိုဆိုလိုက်တာမို့ ပရိသတ်တွေအားလုံးကလည်း သဘောကျအချစ်ပိုနေကြမှာပါနော်..။

Photo Credit - Aung Kyaw Tun Photography
Photo Credit - Aung Kyaw Tun Photography

Source - May Myint Mo's Facebook

Photo Credit - Aung Kyaw Tun Photography

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။