ပရိသတ်ကြီးရေ.. မနေ့ကဖြတ်သန်းခဲ့ကြတဲ့ New Year ညလေးမှာ ချစ်ရတဲ့ Myanmarload ပရိသတ်ကြီးများအားလုံး ပျော်ခဲ့ကြတယ် ဟုတ်..?

ချစ်ပရိသတ်တွေနဲ့အတူ ပြည်သူ့အသည်းကျော် ဒိတ်ဒိတ်ကြဲအနုပညာရှင်ဖြစ်တဲ့ မင်းသမီးချော မိုးယုစံကလည New Year ညရဲ့ ပါတီလေးတစ်ခုမှာ ကံကောင်းခြင်းတွေနဲ့အတူ New Year ကို ဖြတ်သန်းပျော်ခဲ့ကြပါတယ်နော်..။

Photo Credit - Moe Yu San's Facebook
Photo Credit - Moe Yu San's Facebook

မင်းသမီးချောလေး မိုးယုစံကတော့ AFG Group AYA ကလုပ်ပြုလုပ်ကျင်းပတဲ့ Happy New Year Countdown Party 2020 ကပြုလုပ်တဲ့ ကံထူးရှင်သုံးယောက်ထဲမှာ ဒေါ်လာ 5000 ကံထူးခဲ့ကာ နှစ်သစ်ကို ကံကောင်းခြင်းတွေနဲ့ စတင်လိုက်ပဲ ဖြစ်ပါတယ်နော်..။

မိုးယုလေးကတော့ ကားမပေါက်ပေမယ့် အခုလို ကံထူးရှင်သုံးယောက်ထဲပါပြီး ကံထူးခဲ့ရတဲ့အတွက် အရမ်းကို ပျော်နေပြီး ဝမ်းသာလို့မဆုံးဘူးဆိုပြီး သူမရဲ့အပျော်လေးတွေကိုလည်း မျှဝေထားပါသေးတယ်..။

Photo Credit - Moe Yu San's Facebook
Photo Credit - Moe Yu San's Facebook

"AFG Group AYA ကလုပ်တဲ့ Happy New Year Countdown Party 2020 ရဲ့ အစမှာ ကံထူးရှင်3ယောက် ထဲပါခဲ့တာ အရမ်းဝမ်းသာလို့မဆုံးပါဘူး တခါမှကံမထူးဘူးတာ ကားမပေါက်ပေမဲ့ ‌2‌ယောက်ထဲပေးတဲ့ ဒေါ်လာ5000 ကံထူးခဲ့ပါတယ် 2020ရဲ့ ပထမဆုံးနေ့ မနက်ဖြန်လည်းအလုပ်လေးနဲ့ စပါမယ် Lucky Year 2020

သတိတရဖိတ်ကြားသောAYA Group ဆရာ John Lwinကျေးဇူးတင်ပါတယ်.." ဆိုပြီး သူမရဲ့ ပျော်စရာ အမှတ်တရလေးကို မျှဝေထားတာပဲ ဖြစ်ပါတယ်..။

AFG Group AYA ကလုပ်တဲ့ Happy New Year Countdown Party လေးမှာ အခြားအနုပညာရှင်များနဲ့လည်း အတူတွေ့ဆုံ စုပေါင်းပြီး New Year ညလေးကို ပျော်ပျော်ပါးပါး ဖြတ်သန်းခဲ့ကာ ကံထူးခဲ့တဲ့မိုးယုရဲ့ ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Moe Yu San's Facebook
Photo Credit - Moe Yu San's Facebook

Sourec & Photo Credit - Moe Yu San's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။