မြန်မာဂုဏ်ဆောင်သက်ထားသူဇာကတော့ နိုင်ငံတကာပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ပြီး ဆုတံဆိပ်ပေါင်းများစွာကို ရရှိထားသူလေးတစ်ယောက်ဖြစ်ပါတယ်။ ပြိုင်ပွဲတွေမှာ အကောင်းဆုံးယှဉ်ပြိုင်နေတဲ့ ကြက်တောင်အားကစားမယ်သက်ထားသူဇာကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုလဲ အခိုင်အမာရရှိထားသူလေးဖြစ်ပါတယ်။

Photo Credit - That Htar ThuZar's Facebook
Photo Credit - That Htar ThuZar's Facebook

မြန်မာဂုဏ်ဆောင်သက်ထားသူဇာကတော့ ပြိုင်ပွဲတွေမှာ အကောင်းဆုံးယှဉ်ပြိုင်ပြီး မြန်မာနိုင်ငံရဲ့ ဂုဏ်ကိုဆောင်နေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။သူမကတော့ 2019 ခုနှစ် တစ်နှစ်လုံးဟာ အောင်မြင်မှုတွေရော၊ သင်ခန်းစာယူစရာတွေပါ ပြည့်နှက်နေခဲ့တဲ့ ထူးခြားတဲ့နှစ်တစ်နှစ်ဖြစ်ခဲ့ပါတယ်ဆိုပြီးပြောပြလာခဲ့ပါတယ်။

Photo Credit - That Htar ThuZar's Facebook
Photo Credit - That Htar ThuZar's Facebook

သူမကတော့ " Happy New Year To You All2019 ခုနှစ် တစ်နှစ်လုံးဟာ ညီမအတွက် အောင်မြင်မှုတွေရော၊ သင်ခန်းစာယူစရာတွေပါ ပြည့်နှက်နေခဲ့တဲ့ ထူးခြားတဲ့နှစ်တစ်နှစ်ဖြစ်ခဲ့ပါတယ်။အောင်မြင်မှုတွေကို အားအဖြစ်ယူ၊ ပိုမိုကောင်းမွန်အောင် ပြင်ဆင်လေ့ကျင့်မှုတွေပြုလုပ်ရင်းနဲ့ 2020 နှစ်သစ်ကို ဖြတ်သန်းပါမယ်။ နှစ်သစ်မှာ အောင်မြင်မှုတွေဆက်လက်ရနိုင်ဖို့အတွက်လဲ ဘုရားမှာဆုတောင်းခဲ့ပါတယ်ရှင့်။ညီမကို အားပေးတဲ့သူတွေအားလုံးလည်း နှစ်သစ်မှာ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာနဲ့ ကိုယ်စီရှိကြမယ့် ရည်မှန်းချက် အောင်မြင်မှုပန်းတိုင်တွေကို ရရှိ၊ ရောက်ရှိနိုင်ကြပါစေနော်။ ခုချိန်ထိ ညီမကို အားပေးခဲ့ကြတဲ့သူတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်။ အားလုံးကိုချစ်ပါတယ်" ဆိုပြီးပြောထားခဲ့ ပါတယ်။

source: THET HTAR Thuzar 's facebook

Photo Credit - That Htar ThuZar's Facebook
Photo Credit - That Htar ThuZar's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။