ရှမ်းယူနိုက်တက်ယူ၂၁အသင်းသည် ယနေ့ (၁.၁.၂၀၂၀) မွန်းလွဲ (၃း၀၀) နာရီအချိန် ရှမ်းယူနိုက်တက်အသင်း၏ လေ့ကျင့်ရေးကွင်းတွင် စစ်ကိုင်းယူနိုက်တက်ယူ၂၁အသင်းနှင့် ခြေစမ်းပွဲ ကစားခဲ့ကြပါတယ်။ ရှမ်းယူနိုက်တက်ယူ-၂၁အသင်းနှင့် စစ်ကိုင်းယူနိုင်တက်အသင်းတွေကတော့ ပွဲပြီးဆုံးချိန်မှာ တစ်ဘက် နှစ်ဂိုးစီ သရေ ရလဒ်ဖြင့် ပွဲပြီးဆုံးခဲ့ပါတယ်။

Photo Credit - Shan United FC
Photo Credit - Shan United FC

ယခုပွဲမှာဆိုရင်လည်းပထမပိုင်းတွင် စစ်ကိုင်းယူနိုက်တက်အသင်းက တိုက်စစ်မှုး ဖြိုးကိုဇင်က မိနစ် ၃၀တွင် အဖွင့်ဂိုးကိုသွင်းယူပေးခဲ့ပါတယ်။ နောက်ထပ် ၃၃ မိနစ်အတွင်းမှာတော့ ရှမ်းယူနိုက်တက်အသင်းက ထွန်းထိန်လင်းက ပြန်လည်ပြီး ခြေပဂိုးကိုရယူပေးခဲ့ပြီး ပထမပိုင်းမှာ (၁-၁)ဂိုးဖြင့်သရေကျခဲ့ပါတယ်။ ဒုတိယပိုင်း မှာဆိုရင်ရှမ်းယူနိုက်တက်အသင်းက ၆၅ မိနစ်မှာ OG ကသွင်းယူပေးခဲ့ပြီး စစ်ကိုင်းယူနိုက်တက်အသင်းကတော နောက်ထပ်ခြေပဂိုးကို ၇၅မိနစ်မှာ ဖြိုးစည်သူက ပြန်လည်သွန်းယူပေးခဲ့ပါတယ်။ ပွဲချိန်မိနစ် ၉၀မှာတော့ တစ်ဖက် (၂-၂)ဂိုးစီဖြစ် သရေကျခဲ့ပါတယ်။

Photo Credit - Shan United FC
Photo Credit - Shan United FC

ယခုခြေစမ်းပွဲသည် ရှမ်းယူနိုက်တက် ယူ၂၁အသင်း၏ ဒုတိယမြောက် ခြေစမ်းပွဲဖြစ်ပြီး ပထမဆုံး ကစားခဲ့သည့် မကွေး ယူ၂၁အသင်းနှင့် ခြေစမ်းပွဲတွင် (၂ ဂိုး ဂိုးမရှိဖြင့်) ရှုံးနိမ့်ခဲ့ပြီး ယခုပွဲတွင် သရေ ရလဒ် ရရှိခဲ့ခြင်း ဖြစ်ပါတယ်။ကဲ့ ချစ်ပရိသတ်ကြီးရေ ရှမ်းယူနိုက်တက်ယူ-၂၁အသင်းနှင်း စစ်ကိုင်းယူနိုက်တက်အသင်းတို့ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်ကိုတင်ပြရင်း ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။

Photo Credit - Shan United FC

Source - Shan United FC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။