ပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝကို ရရှိထားသူကတော့ လင်းလင်းနဲ့ချစ်သုဝေတို့ ဇနီးမောင်နှံပါ။ သူတို့နှစ်ယောက်ဟာ အောင်မြင်တဲ့အဆိုတော်တွေအဖြစ် ဂီလလောကမှာ ရပ်တည်နေကြတာပါ။ သူတို့နှစ်ယောက်ရဲ့အနုပညာလှုပ်ရှားမှုတွေကို လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် ပရိသတ်တွေကို ဝေမျှပေးလေ့ရှိတာပါ။ 

Photo Credit- Chit Thu Wai’s Facebook
Photo Credit- Chit Thu Wai’s Facebook

အခုမှာလည်း ချစ်သုဝေရဲ့လူမှုကွန်ယက်စာမျက်နှာတွင် ပုံရိပ်လေးတွေ ဝေမျှထားတာပါ။ ဒါကတော့ " 2019ကိုပြန်လှည့်ကြည့်တော့ ပျော် စရာတွေချည်းလည်းမဟုတ် ငိုစရာတွေချည်းလည်းမဟုတ်ပြန်

အထိုးအနှက်ကတော့အတော်များခဲ့တာ

မွန်းကျပ်စရာတွေရော ပင်ပမ်းတာတွေရော

အစွန်း၂ဖက်မှာချည်းပဲ

2020 ကိုတော့ ပျော်စရာတွေချည်းလာတို့, အောင်မြင်မှုတွေကြိုလို့တို့,, မဟုတ်တမ်းတရားတွေမတောင်းဆိုသင့်လေဘူးလေနော်

လာပါကြိုက်တာလာပါ,,,

နူးညံ့သောနှလုံးသား မှန်ကန်သောခံယူချက် ပြတ်သားသောစိတ်နှလုံး ကြည်လင်သောအပြုံးများဖြင့် blessings တိုင်းအတွက်ချီးမွမ်းနိုင်သလို ဒုက္ခ တိုင်းအတွက် ရဲရဲရင်ဆိုင် ခံနိုင်ပါစေ

Photo Credit- Chit Thu Wai’s Facebook
Photo Credit- Chit Thu Wai’s Facebook

ဘဝမှာ ကြည်နူးချမ်းမြေ့စရာ မိသားစုလေးပိုင်ဆိုင်နေရတာနဲ့ မိဘကိုအလုပ်အကျွေးပြုစောင့်ရှောက်နိုင်စွမ်းရှိတာနဲ့တင် ပျော်စရာအလွန်ကောင်းနေပြီလေနော်

2020မှာ ကိုယ့်ကိုယ်ကိုယ်လည်းပိုချစ်မယ် ကိုယ်နဲ့ဆက်ဆိုင်သာများအပေါ်လည်း ပို၍သာ၍ နွေးထွေးကြင်နာမယ်

မေတ္တာ ကရုဏာ မုဒိတာ ဖက်၍ နေ့ရက်တိုင်းဖြတ်သန်းရပါလို၏

သူတော်ယုတ်များ ကိုယ့်လမ်းကိုယ်သွားကြ၍ မဆုံဆည်းရပါလို၏

P.S.ဖေပူးရေ မေ့ကိုပေးတဲ့လက်ဆောင်လေး က မေအမြဲ ရင်ထဲပီတိဖြစ်ချင်တာနော် Thanks for the present" ဆိုပြီး ရေးသားထားတာပဲဖြစ်ပြီး ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။

Source and Photo Credit- Chit Thu Wai’s Facebook 

Photo Credit- Chit Thu Wai’s Facebook
Photo Credit- Chit Thu Wai’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။