အမိုက်စားခန္ဓာကိုယ်အလှတရားတွေကြောင့် ပုရိသတွေရဲ့ ဝန်းရံခြင်းကို အပြည့်အဝရရှိထားသူကတော့ မင်းသမီးလေး သင်ဇာဝင့်ကျော်ပါ။ သူမဟာ အနုပညာအလုပ်တွေကို ဗီဒီယိုဇာတ်ကားခေတ်မှစပြီး ယနေ့ထိတိုင် အောင်မြင်မှုတွေကို ထိန်းသိမ်းထားနိုင်တဲ့ မင်းသမီးတစ်ယောက်ပါ။ သူမရဲ့ အမိုက်စားဖက်ရှင်တွေနဲ့လည်း လူတိုင်းရဲ့အာရုံကို ဖမ်းစားထားနိုင်သူပါ။
သင်ဇာဟာ ပွဲအခမ်းအနားများစွာတွင် သူမ မပါရင်ပွဲမစည်နိုင်အောင်ကို အမိုက်စားဖက်ရှင်များနဲ့ညှို့ယူဖမ်းစားနိုင်သူတစ်ယောက်ပါ။ သူမရဲ့Sexy ကျကျပုံရိပ်လေးတွေဟာလည်း ပုရိသတွေ မကြွေနိုင်ပဲမနေနိုင်အောင်ကို ဖမ်းစားထားနိုင်တာပါ။ သူမရဲ့လှုပ်ရှားမှုတိုင်းကိုလည်း ပရိသတ်တွေကို အမြဲဝေမျှလေ့ရှိသူတစ်ယောက်ပါ။
အခုမှာလည်း သူမရဲ့လူမှုကွန်ယက်မှာ အမှတ်တရပုံရိပ်လေးတွေတင်ထားတာပါ။ ဒါကတော့ " Happy new year what a great night " ဆိုပြီး ရေးသားထားတာပါ။ ပရိသတ်တွေအတွက် New Year ညလေးကို ချစ်ခင်ရတဲ့သူတွေနဲ့အတူ ဖြတ်သန်းကုန်ဆုံးခဲ့တဲ့ သင်ဇာဝင့်ကျော်ရဲ့ပုံရိပ်လေးတွေ တက်ဆက်ပေးလိုက်ပါတယ်။
Photo Credit- Thinzar Wint Kyaw’s Facebook
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။