ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင်မင်းသမီးချောလေး နန်းဆုဦးကတော့ ယောင်္ကျားလေးပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အများဆုံးရရှိထားပြီး မိန်းကလေးပရိသတ်တွေပါ ချစ်ခင်ကြသူလေးပဲ ဖြစ်ပါတယ်..။

အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တစ်ဦးဖြစ်သလို ချစ်စရာကောင်းပြီး အနေအေးကာ အေးချမ်းတဲ့အလှတရားတွေကို ပိုင်ဆိုင်ထားသူလေးမို့ အပြုံးချိုချိုလေးတွေကလည်း သူမရဲ့ဆွဲဆောင်မှုလေးတွေပါပဲ..။

Photo Credit - Htet Zaw Aung Photography
Photo Credit - Htet Zaw Aung Photography
Photo Credit - Htet Zaw Aung Photography

ချစ်စရာကောင်းတဲ့ ပရိသတ်တွေရဲ့အသည်းကျော်လေး နန်းဆုဦးကတော့ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေပြီး နှစ်သစ်ကိုလည်း တည်ငြိမ်ရင့်ကျက်တဲ့အလှတွေနဲ့ ကြိုဆိုလိုက်ပါတယ်နော်..။

နန်းဆုလေးကတော့ နှစ်သစ်ရဲ့ပထမဆုံးနေ့လေးမှာ "အဆိပ်" ဇာတ်ကား ကန်တော့ပေးပွဲအခမ်းအနားပွဲတက်ကာ အနုပညာအလုပ်တွေလုပ်ဆောင်ပြီး အနီရောင် မြန်မာဝတ်စုံဖက်ရှင်လေးနဲ့ လိုက်ဖက်ညီစွာ ဆွဲဆောင်မှုရှိရှိ လှသွေးကြွယ်နေတဲ့ အေးချမ်းစရာပုံရိပ်လေးတွေနဲ့ ကြိုဆိုလိုက်တာပဲ ဖြစ်ပါတယ်နော်..။

Photo Credit - Htet Zaw Aung Photography
Photo Credit - Htet Zaw Aung Photography
Photo Credit - Htet Zaw Aung Photography
Photo Credit - Htet Zaw Aung Photography

"After today, a new year starts, a new opportunity arises, a new version of you is born. Take what you’ve learned this year, heal from it and grow from it. After today, as it begins, you must know how only the best is yet to come.

နှစ်သစ်ကို ပျော်ပျော်ရွှင်ရွှင် နဲ့ ဘေးအန္တရာယ်ကင်းစွာ ဖြတ်သန်းနိုင်ကြပါစေလို့.." ဆိုပြီး အားပေးဆုတောင်းစကားလေးနဲ့အတူ သူမရဲ့ပုံရိပ်လေးတွေကို မျှဝေထားတာပါ..။

ချစ်စရာပုံရိပ်လေးတွေနဲ့ ပရိသတ်တွေကို အမြဲအချစ်ပိုစေတဲ့ နန်းဆုဦးရဲ့ နှစ်သစ်ကြိုဆိုလိုက်တဲ့ ပုံရိပ်လေးတွေကိုလည်း အားလုံးအတွက် တင်ဆက်မျှဝေပေးလိုက်ပါတယ်နော်..။

Photo Credit - Htet Zaw Aung Photography
Photo Credit - Htet Zaw Aung Photography
Photo Credit - Htet Zaw Aung Photography

Source - Nan Su Oo's Facebook

Photo Credit - Htet Zaw Aung Photography

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။