လတ်တလောပရိသတ်တွေကြားမှာ နာမည်ကြီးရေပန်းစားနေတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကတော့ နေတိုး၊သက်မွန်မြင့်နဲ့ ရွှေသမီးတို့ပါဝင်သရုပ်ဆောင်ထားတဲ့ ''ချည်'' ဇာတ်ကားကြီးပဲ ဖြစ်ပါတယ်။ ရုံမတင်ခင်ကတည်းက ပရိသတ်တွေရဲ့စိတ်ဝင်စားမှုအများအပြားရရှိခဲ့တဲ့ ဒီဇာတ်ကားကြီးက ရုံတင်ပြသနေတဲ့အချိန်အတွင်းမှာလည်း ပရိသတ်တွေရဲ့ချီးကျူးအားပေးသံတွေနဲ့ အောင်မြင်မှုရရှိနေတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ''ချည်'' ဇာတ်ကားကြီးက ပရိသတ်တွေရဲ့ Feedback ကောင်းကောင်းရရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားလို့ဆိုနိုင်ပါတယ်။

Photo Credit- ချည်ရုပ်ရှင်ဇာတ်ကားကြီး
Photo Credit- ချည်ရုပ်ရှင်ဇာတ်ကားကြီး
Photo Credit- ချည်ရုပ်ရှင်ဇာတ်ကားကြီး

သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းတစ်ပုဒ်ကို ပရိသတ်ရင်ထဲရောက်အောင် ပုံဖော်ရိုက်ကူးထားနိုင်တဲ့ ဒီဇာတ်ကားကြီးက ကြည့်ရှုသူတိုင်းကို ရင်နဲ့ထပ်တူခံစားစေနိုင်တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဇာတ်ကားမှာပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ဆောင်တွေကိုယ်တိုင် ပြန်လည်ကြည့်ရှုခံစားရင်း မျက်ရည်ကျခဲ့ရသလို လာရောက်ကြည့်ရှုတဲ့ပရိသတ်တွေကိုလည်း မျက်ရည်ရွဲစေခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင်လည်း ကြည့်ရှုပြီးတဲ့ပရိသတ်တွေ တော်တော်များများက သူတို့ရဲ့အမြင်တွေကို ပွင့်ပွင့်လင်းလင်းဝေဖန်ခဲ့ကြပါတယ်။

Photo Credit- ချည်ရုပ်ရှင်ဇာတ်ကားကြီး
Photo Credit- ချည်ရုပ်ရှင်ဇာတ်ကားကြီး
Photo Credit- ချည်ရုပ်ရှင်ဇာတ်ကားကြီး
Photo Credit- ချည်ရုပ်ရှင်ဇာတ်ကားကြီး

ပရိသတ်တွေက ''ချည်''ဇာတ်ကားကြီးက သူတို့ကိုဘယ်လောက်တောင် ချည်နှောင်နိုင်ခဲ့ကြောင်း၊ အရမ်းကောင်းလွန်းလို့နောက်တစ်ခေါက် ထပ်ကြည့်ချင်ကြကြောင်းစတဲ့ ရင်တွင်းစကားလေးတွေကို Comment မှာရေးသားထားကြတာ တွေ့ရပါတယ်။ အခုဆိုရင် ''ချည်'' ဇာတ်ကားကြီးကို ဒုတိယမြောက်ရုံတင်အပတ်အနေနဲ့ ဆက်လက်ပြသနေပြီပဲ ဖြစ်ပါတယ်။ ဒါကြောင့် ချည်ပြီးတဲ့ပရိသတ်တွေရော မချည်ရသေးတဲ့ပရိသတ်တွေပါ ခံစားနိုင်စေဖို့ '' ချည်'' ဇာတ်ကားရဲ့Trailer ဗီဒီယိုလေးကို အောက်မှာပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit- ချည်ရုပ်ရှင်ဇာတ်ကားကြီး

(Commercial Article)

Photo Credit- ချည်ရုပ်ရှင်ဇာတ်ကားကြီး
Photo Credit- ချည်ရုပ်ရှင်ဇာတ်ကားကြီး
Photo Credit- ချည်ရုပ်ရှင်ဇာတ်ကားကြီး
Photo Credit- ချည်ရုပ်ရှင်ဇာတ်ကားကြီး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။