ပရိသတ်ကြီးရေ အကယ်ဒမီမြင့်မြတ်ကတော့ ပျော်ရွှင်ချမ်းမြေ့စရာမိသားစုဘဝလေးကို ပိုင်ဆိုင်ထားပြီး အေးချမ်းစွာနေထိုင်နေတာပဲဖြစ်ပါတယ်။မြင့်မြတ်ရဲ့ချစ်ဇနီးလေးကလည်း သူ့ရဲ့အနုပညာအလုပ်တွေကို အပြည့်အဝနားလည်ပေးပြီး တတ်နိုင်သလောက်ကူညီဖေးမပေးတဲ့ ဇနီးကောင်းတစ်ယောက်ဖြစ်ပါတယ်။မြင့်မြတ်ကလည်း အားတဲ့အချိန်တိုင်းမှာ မိသားစုကိုအချိန်ပေးပြီး ကြင်နာယုယမှုတွေပေးတဲ့ခင်ပွန်းကောင်းတစ်ယောက်ပါနော်။

Photo Credit:Myat Wai Tun's Facebook
Photo Credit:Myat Wai Tun's Facebook
Photo Credit:Myat Wai Tun's Facebook

မြင့်မြတ်က လက်တလောမှာလည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေပြီး ဇာတ်ကားကြီးတွေအများအပြားကိုလည်းရိုက်ကူးနေတာဖြစ်ပါတယ်။မြင့်မြတ်က မိသားစုကိုလည်းအချိန်လုံလုံလောက်လောက်ပေးပြီးဂရုစိုက်ပေးကာ တစ်ဦးတည်းသောသားချောလေးကလည်း အရမ်းချစ်စရာကောင်းလွန်းလို့ ဖေဖေမြင့်မြတ်က ချစ်မဝတွေဖြစ်နေရတာဖြစ်ပါတယ်နော်။

Photo Credit:Myat Wai Tun's Facebook
Photo Credit:Myat Wai Tun's Facebook

အခုဆိုရင်လည်း မြင့်မြတ်တို့မိသားစုလေးက ဘန်ကောက်မြို့ကိုရောက်ရှိနေပြီး နေရာစုံကိုလည်ပတ်နေကြတာပဲဖြစ်ပါတယ်။အခုဆိုရင်လည်း မြင့်မြတ်က သားလေးကိုချီပြီး မြင်းရုပ်ကြီးကိုစီးကာ မိသားစုသုံးယောက်ပျော်ရွှင်နေကြတာဖြစ်ပါတယ်။ကြင်ကြင်နာနာနဲ့ပျော်ရွှင်စရာမိသားစုပုံရိပ်လေးကို ပရိသတ်ကြီးလည်း မြင်တွေ့ရအောင်လို့ ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Myat Wai Tun's Facebook
Photo Credit:Myat Wai Tun's Facebook
Photo Credit:Myat Wai Tun's Facebook

Photo Credit:Myat Wai Tun's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။