သရုပ်ဆောင် မင်းသမီးချောလေး သဉ္ဇာနွယ်ဝင်းကတော့ အများကအားကျရတဲ့ မိသားစုဘဝလေးတစ်ခုကို ရရှိပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ သားလေးတစ်ယောက်နဲ့ ပျော်ရွှင်စရာမိသားစုလေးကို စတင်တည်ဆောက်ခဲ့တဲ့ သဉ္ဇာနွယ်ဝင်းက အခုဆိုရင် နောက်ထပ်သမီးလေးတစ်ယောက်ကို မွေးဖွားနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။ ကလေးနှစ်ယောက်ရဲ့မိခင်ဖြစ်သွားတဲ့ မေမေသဉ္ဇာနွယ်ဝင်းကိုတော့ ပရိသတ်တွေကပိုပိုပြီး ချစ်ခင်နေရတာပဲ ဖြစ်ပါတယ်။

Photo Credit-Thinzar Nwewin's FB
Photo Credit-Thinzar Nwewin's FB
Photo Credit-Thinzar Nwewin's FB

လက်ရှိမှာတော့ သဉ္ဇာနွယ်ဝင်းအနေနဲ့ အနုပညာအလုပ်တွေကို ရပ်နားထားပြီး မိသားစုလေးနဲ့အတူ ပျော်ပျော်ရွှင်ရွှင်နေထိုင်နေတာ ဖြစ်ပါတယ်။ သဉ္ဇာနွယ်ဝင်းက ပရိသတ်တွေအတွက် သူမတို့မိသားစုရဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာ အမြဲလိုလို တင်ပေးလေ့ရှိတာလည်း ဖြစ်ပါတယ်။ အခုလည်း သဉ္ဇာနွယ်ဝင်းက သူ့ကိုမခေါ်ဘဲ နှစ်ယောက်တည်းမုန့်ထိုင်စားနေတဲ့ Peach လေးတို့သားအဖကို စိတ်ကောက်ပြီး စနောက်ကျီစယ်လိုက်ပါတယ်။

Photo Credit-Thinzar Nwewin's FB
Photo Credit-Thinzar Nwewin's FB
Photo Credit-Thinzar Nwewin's FB

သဉ္ဇာနွယ်ဝင်းက " ဒီသားအဖနှစ်ယောက် မုန့်စားနေတာလည်း မခေါ်ကြဘူး နောက်သမီးကြီးလာမှ shopping တူတူထွက်ရင် သူတို့ကိုထားခဲ့မယ် " ဆိုပြီး မုန့်ထိုင်စားနေတဲ့ ခင်ပွန်းနဲ့သားလေးကို ဓာတ်ပုံရိုက်ပြီးတင်လိုက်တာဖြစ်ပါတယ်။ သဉ္ဇာနွယ်ဝင်းတို့မိသားစုလေးကတော့ ပရိသတ်တွေအားကျမယ်ဆိုရင်လည်း အားကျရလောက်အောင် ကြည်နူးဖို့ကောင်းနေတာဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် သဉ္ဇာနွယ်ဝင်းတို့မိသားစုလေးရဲ့ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Thinzar Nwewin's FB 

Photo Credit-Thinzar Nwewin's FB
Photo Credit-Thinzar Nwewin's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။