ပရိသတ်တွေက လိုက်ဖက်ညီတဲ့ စုံတွဲလေးလို့ သတ်မှတ်ခြင်းကို ခံထားရတဲ့ အတွဲလေးကတော့ အဆိုတော်နေဝင်းတို့အတွဲလေးပါ။ သူတို့အတွဲလေးဟာ ဆယ်စုနှစ်တိုင်အောင် ပျော်ရွှင်စရာကောင်းတဲ့နေ့ရက်လေးကို အတူတကွဖြတ်သန်းကုန်ဆုံးခဲ့ကြတာပါ။ နှစ်သစ်ကူးတဲ့နေ့လေးမှာလည်းနေဝင်းတစ်ယောက် New Year Count Down ပွဲလေးမှာ နေဝင်းတစ်ယောက် သူ့ရဲ့ချစ်သူလေးကို အကြီးမားဆုံး စပရိုက်လေးတစ်ခု လုပ်ခဲ့တာပါ။  

Photo Credit - Nay Win's Facebook
Photo Credit - Nay Win's Facebook
Photo Credit - Nay Win's Facebook

ဒါကတော့ လူပေါင်းများစွာသော ပရိသတ်တွေရဲ့အရှေ့မှာ ချစ်ရသူလေးကိုဒူးထောက်ကာ လက်ထပ်ခွင့်တောင်းခဲ့တာပါ။ သူ့ရဲ့ လူမှုကွန်ယက်တွင်လည်း " ကျွန်တော်တို့ နှစ်ယောက်ရဲ့ မမေ့နိုင်တဲ့ နေ့လေးတစ်နေ့

ဆုတောင်းမေတ္တာပို့ပေးတဲ့ပရိတ်သတ်၊ဆွေမျိုးများ အားလုံး နှင့် ကူညီပေးကြတဲ့ သူငယ်ချင်းများအားလုံး ၊ မှတ်တမ်းတင်ပေးတဲ့ ဓာတ်ဆရာသူငယ်ချင်းများ ကူညီပေးကြသူများကို ကျးဇူးအများကြီးတင်ပါတယ်ခင်ဗျာ..." ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပါတယ်။

Photo Credit - Nay Win's Facebook
Photo Credit - Nay Win's Facebook
Photo Credit - Eaint Chit Chaw's Facebook

နေဝင်းရဲ့ ချစ်သူဖြစ်တဲ့ အိမ့်ချစ်ချောရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်လည်း " ခေါင်းလည်းမလျှော်ရသေး ၊ ဒေါက်ဖိနပ်လည်းမစီးလိုက်ရ ဆိုပြီး ရစ်လိုက်သေးတာ ... ပြီးတော့ ညာဘက်လက်ကြီးအတင်းထိုးပေး.. မေးတော့လည်း အရမ်းလက်ခံပါတယ်တဲ့ (အခုမှဟာသပြောနိုင်တာပါ ရင်တုန်နေတာမပျောက်သေးလို့) " ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပါတယ်။ အမျိုးသမီးထုတစ်ရပ်လုံးကို အားကျသွားအောင်လုပ်ခဲ့တဲ့ နေဝင်းတို့အတွဲလေးရဲ့ကြည်နူးစရာကောင်းတဲ့ ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ရပါတယ်နော်။

Photo Credit - Nay Win and Eaint Chit Chaw's Facebook 

Photo Credit - Eaint Chit Chaw's Facebook
Photo Credit - Eaint Chit Chaw's Facebook
Photo Credit - Eaint Chit Chaw's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။