ပရိသတ်ကြီးရေ.. မမြတ်လေးလို့ အားလုံးကချစ်စနိုးခေါ်ကြတဲ့ သရုပ်ဆောင်မင်းသမီးချော အေးမြတ်သူကတော့ ပီပြင်ပိုင်နိုင်တဲ့ သရုပ်ဆောင်ကောင်းမှုတွေအပြင် ဆွဲဆောင်မှုရှိလွန်းတဲ့ အေးချမ်းတဲ့အလှတရားတွေကိုလည်း ပိုင်ဆိုင်ထားသူလေးပဲ ဖြစ်ပါတယ်နော်..။

မမြတ်လေးကတော့ ချစ်သူရှိပေမယ့် ယနေ့အချိန်ထိ မိဘနဲ့ ပရိသတ်တွေကို အဖော်ပြုပြီး အိမ်ထောင်မပြုသေးတဲ့ မမြတ်လေးကတော့ မိဘတွေအပေါ် သားသမီးကောင်းတစ်ယောက်ဖြစ်အောင် အတတ်နိုင်ဆုံးကြိုးစားနေတယ်ဆိုပြီး ပြောပြလာပါတယ်နော်..။


Photo Credit - Amazing Grace Photography
Photo Credit - Amazing Grace Photography

သူမကတော့ မိဘတွေအပေါ်အမြဲဆိုးပြီး တစ်ပတ်မှာ(၈)လောက်ဆိုးတာမို့ သားသမီးကောင်းတစ်ယောက်တော့ မဟုတ်သေးပေမယ့် အတတ်နိုင်ဆုံး မိဘတွေကို စိတ်ချမ်းသာအောင်ထားနိုင်ဖို့ ကြီုးစားနေတယ်ဆိုပြီး ပြောပြထားတာ ဖြစ်ပါတယ်..။

မိခင်တစ်ယောက်မဖြစ်သေးတော့ ရှိနေတဲ့သားသမီးတစ်ယောက်နေရာကနေ အကောင်းဆုံးကြိုးစားနေပြီး လူဆိုတာ အတ္တရှိတာမို့လည်း တစ်ခါတစ်လေမှာမိဘအပေါ် ပြောမှားဆိုမှား လုပ်ကိုင်မှားတွေရှိတော့ ရှိလိုက်ပြန်ချေလိုက်နဲ့ သံသရာလည်နေတယ်ဆိုပြီးတော့လည်း ပြောပြထားတာပါ..။


Photo Credit - Amazing Grace Photography
Photo Credit - Aye Myat Thu’s Facebook

မမြတ်လေးကတော့ မိဘတွေအပေါ်ကြွေးဟောင်းဆပ်နေတယ်လို့ပဲ သဘောထားပြီး အိမ်ထောင်မပြုခင်မှာ မိဘတွေအပေါ် သားသမီးကောင်းတစ်ယောက်ဖြစ်အောင် အတတ်နိုင်ဆုံး ကြိုးစားနေတယ်ဆိုပြီး ပွင့်ပွင့်လင်းလင်း ပြောပြထားတာ ဖြစ်ပါတယ်နော်..။

မိဘတွေအပေါ်ဘယ်လောက်ပဲဆိုးဆိုး ရန်ဖြစ်ဖြစ် မိဘတွေကိုရင်ထဲမှာ အမြဲထားတဲ့အကြောင်း ပြောပြထားတဲ့ မမြတ်လေးရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Amazing Grace Photography
Photo Credit - Amazing Grace Photography

Photo Credit - Aye Myat Thu’s Facebook & Amazing Grace Photography

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။