ပရိသတ်ကြီးရေ အကယ်ဒမီမင်းသမီးချောလေး အေးမြတ်သူကတော့ စိတ်သဘောထားပြည့်ဝပြီး လူတန်းစားမခွဲခြားဘဲ အကုန်လုံးကို တန်းတူရည်တူဆက်ဆံတတ်တဲ့ မင်းသမီးလေးပါနော်။လက်ရှိမှာဆိုရင်လည်း အနုပညာအလုပ်တွေကို တစိုက်မက်မက်လုပ်ဆောင်နေပြီး သူမရဲ့သရုပ်ဆောင်အရည်အသွေးတွေကလည်း ပိုပိုပြီးမြင့်လာတာကြောင့် ပရိသတ်တွေအားပေးရကျိုးနပ်တဲ့အနုပညာရှင်ကောင်းတစ်ယောက်ပါနော်။

Photo Credit:Aye Myat Thu's Facebook
Photo Credit:Aye Myat Thu's Facebook

အေးမြတ်သူက မိဘနှစ်ပါးကိုလည်း လိုလေသေးမရှိအောင်ပြုစုစောင့်ရှောက်ပေးတဲ့ သမီးလိမ္မာလေးဖြစ်ပြီး ကုသိုလ်ရေးဆိုလည်း လက်မနှေးတဲ့သူဖြစ်လို့ တတ်နိုင်သလောက်ကိုအမြဲလှူဒါန်းနေတဲ့သူဖြစ်ပါတယ်။အေးမြတ်သူရဲ့ စိတ်နေစိတ်ထားလေးကို ပရိသတ်တွေကလည်းအရမ်းချစ်ကြပြီး ရိုးရှင်းလွန်းတဲ့သူမကို အရင်ကထက်ပိုပြီးအားပေးလာကြတာဖြစ်ပါတယ်။

Photo Credit:Aye Myat Thu's Facebook
Photo Credit:Aye Myat Thu's Facebook
Photo Credit:Aye Myat Thu's Facebook

အခုဆိုရင်လည်း အေးမြတ်သူက နှစ်ဦးအလှူအဖြစ် လူတွေအများကြီးကို စတုဒီသာကျွေးမွေးလှူဒါန်းခဲ့တာဖြစ်ပါတယ်။အေးမြတ်သူကလည်း ထိုလူတွေနဲ့အတူ လက်ရည်တစ်ပြင်တည်းအတူတူစားပြီး ပျော်ရွှင်နေတာဖြစ်ပါတယ်။အမွန်မြတ်ဆုံးသောအလှူလေးဖြစ်ပြီး ကြည်နူးပီတိဖြစ်စရာကောင်းတဲ့ အေးမြတ်သူရဲ့အလှူပုံရိပ်လေးကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Aye Myat Thu's Facebook
Photo Credit:Aye Myat Thu's Facebook

Photo Credit:Aye Myat Thu's Facebook

Video Credit:Aye Myat Thu's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။