သရုပ်ဆောင် မင်းသမီးချောလေး ဖြူဖြူထွေးကတော့ ပွင့်လင်းရိုးသားပြီး ချစ်စရာကောင်းတဲ့အမူအရာလေးတွေနဲ့ ပရိသတ်တွေကို အသည်းကြွေအောင် ဖမ်းစားနိုင်စွမ်းရှိတာဖြစ်ပါတယ်။ အသက်ငယ်ငယ်လေးနဲ့ အနုပညာလောကမှာ လျှမ်းလျှမ်းတောက်အောင်မြင်နေတဲ့ ဖြူဖြူထွေးက အခုချိန်အထိ မာနမကြီးဘဲအားလုံးကို ဖော်ဖော်ရွေရွေဆက်ဆံတတ်သူလေး ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဖြူဖြူထွေးက တစ်နေ့တစ်ခြားပိုပိုပြီး အောင်မြင်ကျော်ကြားလာတာ ဖြစ်ပါတယ်။

Photo Credit- Phyu Phyu Htwe's FB
Photo Credit- Phyu Phyu Htwe's FB
Photo Credit- Amazing Grace

အခုဆိုရင် ဖြူဖြူထွေးက သူမဝါသနာပါတဲ့ အနုပညာအလုပ်တွေကိုလုပ်ကိုင်ရင်း ဒဂုံတက္ကသိုလ်ကနေ ဘွဲ့တစ်ခုရရှိခဲ့ပြီလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဖြူဖြူထွေးက ကိုယ်တိုင်ရှာဖွေထားတဲ့ အနုပညာကြေးတွေနဲ့ မိဘနှစ်ပါးကို လုပ်ကျွေးပြုစုနေတဲ့ သမီးလိမ္မာလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ အခုလည်း ပျော်ပျော်နေတတ်တဲ့ ဖြူဖြူထွေးက ထမင်းစားနေတဲ့ သူမရဲ့မိခင်ကို ဘေးကနေလိုက်စပြီး ဗီဒီယိုလေးရိုက်ကာတင်ထားပါသေးတယ်။

Photo Credit- Amazing Grace
Photo Credit- Amazing Grace
Photo Credit- Phyu Phyu Htwe's FB

ဖြူဖြူထွေးက တစ်ယောက်တည်း အေးအေးဆေးဆေးထမင်းစားနေတဲ့ ချစ်မေကြီးကို မေးခွန်းလေးတွေမေးပြီး လိုက်စနောက်ထားတာ ဖြစ်ပါတယ်။ အမေ့ကို စနောက်ကျီစယ်ရင်း ပျော်ရွှင်နေတဲ့ ဖြူဖြူထွေးကတော့ တကယ့်ကိုဟန်ဆောင်မှုကင်းပြီး ချစ်ဖို့ကောင်းသူလေးပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ဖြူဖြူထွေးတို့သားအမိရဲ့ ပုံရိပ်လေးတွေနဲ့ ဗီဒီယိုဖိုင်လေးကိုလည်း အောက်မှာပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo & Video Credit- Phyu Phyu Htwe's FB  

Photo Credit- Amazing Grace
Photo Credit- Amazing Grace

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။