ပရိသတ်ကြီးရေ လွင်မိုးတို့မိသားစုလေးကတော့ မြေးချောချောလေးတစ်ယောက်ကြောင့် အိမ်မှာဆည်းလည်းလေးတစ်လုံးရထားသလို အမြဲပျော်ရွှင်နေရတာဖြစ်ပါတယ်။Liam လေးကတော့ ၁နှစ်ကျော်အရွယ်ကိုရောက်ရှိနေပြီး လမ်းလည်းကောင်းကောင်းလျှောက်တက်နေပြီဖြစ်ကာ အရမ်းချစ်စရာကောင်းတဲ့ကလေးလေးဖြစ်လို့ ပရိသတ်တွေကလည်း Liam လေးကိုအရမ်းချစ်ကြပါတယ်နော်။

Photo Credit:May Thu's Facebook
Photo Credit:May Thu's Facebook

ယွန်းဝတီလွင်မိုးတို့ဇနီးမောင်နှံနှစ်ယောက်ကလည်း သားလေးနဲ့အတူနေရချိန်လေးမှာ သားလေးကိုအချိန်အပြည့်ပေးပြီးဂရုစိုက်ပေးကာ အတူတူဆော့ကစားပေးနေတာဖြစ်ပါတယ်။လက်တလောမှာဆိုရင်လည်း လွင်မိုးတို့က မိသားစုစုံစုံညီညီနဲ့ ဘန်ကောက်ကိုခရီးသွားနေကြတာပါနော်။လွင်မိုးတို့ရဲ့ကြည်နူးစရာမိသားစုပုံရိပ်လေးကို ပရိသတ်တွေကလည်းအမြဲစောင့်ကြည့်ပြီး အားပေးနေကြတာဖြစ်ပါတယ်။

Photo Credit:May Thu's Facebook
Photo Credit:May Thu's Facebook
Photo Credit:May Thu's Facebook

ယွန်းဝတီလွင်မိုးရဲ့ချစ်ခင်ပွန်းကလည်း သားလေးနဲ့အတူတူဆော့ကစားပေးပြီး ဇနီးသည်နဲ့လည်း ပွဲအခမ်းအနားတွေကိုအတူတူတက်ရောက်ပေးပါတယ်။အခုဆိုရင်လည်း ဖေဖေက Liam လေးကို နို့ဘူးလေးကိုင်ပြီးတိုက်နေကာ သားသားလေးကလည်း ဖေဖေတိုက်တဲ့နို့ဘူးကို ဇိမ်လေးနဲ့သောက်နေပြီး အရမ်းချစ်စရာကောင်းနေတဲ့ ဗီဒီယိုဖိုင်လေးကို ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:May Thu's Facebook
Photo Credit:May Thu's Facebook

Photo Credit:May Thu's Facebook

Video Credit:May Thu's My Day

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။