မင်းသမီးချောလေးခိုင်သင်းကြည်ဟာသွက်သွက်လက်လက်နဲ့ခုချိန်ထိအရွယ်တင်နုပျိုလှပနေတုန်းပဲဖြစ်ပါတယ်။သူမတို့မိသားစုလေးဟာလည်းတစ်ယောက်နဲ့တစ်ယောက်ချစ်ချစ်ခင်ခင်နဲ့အင်မတန်ကြည်နူးဖွယ်ကောင်းလှပါတယ်နော်။ခိုင်သင်းကြည်ဟာယခုလတ်တလောတွင်ရုပ်ရှင်ကားကြီးများအဆက်မပြတ်ရိုက်ကူးနေပြီးပွဲအခမ်းအနားများလည်းတက်ရောက်နေရတာပဲဖြစ်ပါတယ်။


Photo Credit-Khine Thin Kyi's Facebook
Photo Credit-Khine Thin Kyi's Facebook

မကြာသေးမီကသူမရဲ့facebookစာမျက်နှာတွင်ဘိတ်သားနဲ့မြိတ်လေဆိပ်မှာဆိုတဲ့captionလေးနဲ့မိသားစုသုံးယောက်ပုံလေးတွေကိုတင်ပေးခဲ့ပါတယ်။သူတို့မိသားစုလေးဟာ ခင်ပွန်းဖြစ်သူရဲ့မွေးရပ်ဇာတိလေးကိုအလည်အပတ်သွားရောက်နေကြတာပါ။ခင်ပွန်းဖြစ်သူရဲ့မွေးရပ်ဇာတိလေးကိုသွားရတဲ့အတွက်ခိုင်သင်းကြည်တို့မိသားစုလေးပျော်နေကြတာပါနော်။


Photo Credit-Khine Thin Kyi's Facebook
Photo Credit-Khine Thin Kyi's Facebook

ခိုင်သင်းကြည်ပါဝင်သရုပ်ဆောင်ထားတဲ့ရည်းစားတစ်ခုလပ်များဆိုတဲ့ရုပ်ရှင်ကားကြီးဟာလည်းရုံတင်ပြသနေပြီဖြစ်ပါတယ်။ပရိတ်သတ်ကြီးလည်းဒီဇာတ်ကားကြီးကိုသဘောကျနှစ်သက်ကြတယ်မလား။မြိတ်လေဆိပ်ကိုရောက်ရှိနေတဲ့ခိုင်သင်းကြည်တို့မိသားစုရဲ့ပုံရိပ်လေးတွေကိုပရိတ်သတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Khine Thin Kyi's Facebook
Photo Credit-Khine Thin Kyi's Facebook

Source-Khine Thin Kyi's Facebook

Photo Credit-Khine Thin Kyi's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။