ပရိသတ်ကြီးရေ အဆိုတော် စန္ဒီမြင့်လွင်ကတော့ ချစ်စရာသမီးလေးတစ်ယောက်ကို မွေးဖွားခဲ့တာသိရှိလို့နေမှာပါနော်…။ သမီးလေးTreasure ကတော့ ယခုဆိုရင် ၅လကျော်အရွယ်ကိုရောက်ရှိလို့နေပြီး တစ်နေ့တစ်ခြားပိုပိုချစ်စရာလာကာ မိဘတွေရဲ့ အသည်းဆွဲ့ချစ်နေတဲ့ သမီးလေးပဲဖြစ်ပါတယ်။ မေမေ စန္ဒီမြင့်လွင်ကတော့ ချစ်စရာကောင်းတဲ့ သမီးလေးရဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် ဖော်ပြလေ့ရှိပါတယ်။

Photo Credit – Sandy Myint Lwin’s Facebook

ယခုမှာဆိုရင် သမီး Treasure လေးက မေမေရဲ့ massage လေးနဲ့ဇိမ်ယူနေတဲ့ ဗီဒီယိုဖိုင်လေးကို ပရိသတ်တွေအတွက်တင်ပေးလာခဲ့ပါတယ်။ ဒီဗီဒီယိုဖိုင်လေးထဲမှာတော့ သမီးလေး Treasure လေးက ဝဝကစ်ကစ် ပါးဖောင်းဖောင်း လေးနဲ့ ချစ်စရာကောင်းနေပြီး မေမေနဲ့ အတူဇိမ်ယူနေတဲ့ပုံစံလေးကလည်း အသည်းယားစရာကောင်းနေလောက်ပါတယ်နော်..။ ပရိသတ်ကြီးကလည်း သမီးလေးရဲ့ ချစ်စရာကောင်းတဲ့ ဇိမ်ယူနေတဲ့ ဟန်ပန်အမှုအရာလေးကို သဘောကျချစ်ခင်ကြမှာပါနော်..။

Photo Credit – Sandy Myint Lwin’s Facebook

ထို့အပြင် သမီးလေး ကလည်း မေမေ စန္ဒီမြင့်လွင် ရဲ့ မျက်နှာလေးနဲ့တူလွန်းတာကြောင့် ဖေဖေ မေမေ တို့ရဲ့ အပြင် ပရိသတ်တွေကပါ ချစ်ခင်နေကြတာပဲဖြစ်ပါတယ်။ မေမေ စန္ဒီမြင့်လွင်ကတော ချစ်စရာကောင်းတဲ သမီးလေးဇိမ်ယူနေတဲ့ ဗီဒီယိုဖိုင်လေးကို ပရိသတ်တွေ ကြည့်ရှုခံစားစေဖို့ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာဖော်ပြပေးထားပါသေးတယ်။ ကဲ့ ချစ်ပရိသတ်ကြီးရေ ယခုတစ်ခါမှာတော့ မေမေနဲ့အတူ ဇိမ်ကြနေတဲ့ သမီးလေး Treasure ရဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။

Photo Credit – Sandy Myint Lwin’s Facebook

Source - Sandy Myint Lwin’s Facebook 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။