ပရိသတ်တွေရဲ့ အားပေးမှုတွေနဲ့အတူ အနုပညာအလုပ်တွေကို ကြိုးစားပမ်းစားလုပ်ကိုင်နေသူကတော့ သရုပ်ဆောင် ကျော်ကျော်ပါ။ သူဟာ ဆယ်စုနှစ်တိုင်အောင် အနုပညာအလုပ်တွေလုပ်ကိုင်နေသူတစ်ယောက်ပါ။ လတ်တလောမှာလည်း အနုပညာလှုပ်ရှားမှုတွေကို ဆက်တိုက်လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။  

photo Credit - N-H-K= ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ Facebook Page
photo Credit - N-H-K= ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ Facebook Page
photo Credit - N-H-K= ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ Facebook Page

ချစ်ရတဲ့ သူငယ်ချင်းတွေဖြစ်တဲ့ ညီထွဋ်ခေါင်၊ ဆုမြတ်နိုးဦးတို့နဲ့အတူ N-H-K= ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ ဆိုတဲ့ ပေ့ချ်လေးထောင်ထားာကြာတာပါ။ ဒီပေ့ချ်လေးကတစ်ဆင့် သူတို့သုံးယောက်လုံးရဲ့ အနုပညာလှုပ်ရှားမှုတွေကို ဝေမျှလေ့ရှိတာပါ။ ဒါ့အပြင် အခွီဗီဒီယိုလေးတွေလည်း တင်လေ့ရှိပြီး ပရိသတ်တွေကလည်း တစ်ခဲနက်အားပေးကြတာပါ။

photo Credit - N-H-K= ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ Facebook Page
photo Credit - N-H-K= ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ Facebook Page
photo Credit - N-H-K= ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ Facebook Page

အခုမှာလည်း သူတို့ရဲ့ Facebook Page လေးမှတစ်ဆင့် အခွီဗီဒီယိုလေးတစ်ခုကို ဝေမျှလိုက်ပြန်ပါပြီ။ ဒါကတော့ ညီထွဋ်ခေါင်သီချင်းဆိုနေတာကိုရှေ့ကနေကနွဲ့ကလျနဲ့ရှေ့ကနေလုပ်ပြနေတဲ့ ကျော်ကျော်ရဲ့Videoလေးပါ။ သူတို့ရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်လည်း " မိကျော်ရဲ့ ခန္ဓာကိုယ်ရဲ့နွဲ့နှောင်း ပျော့ပျောင်းမှုကြီးက်ုရှုစားကြပါဦးရှန်" ဆိုပြီး ရေးသားထားတာပဲဖြစ်ပြီး ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။

Source and photo Credit - N-H-K= ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။