ချောမောလှပလွန်းတဲ့ရုပ်ရည်နဲ့ပြေပြစ်လှပတဲ့ခန္ဓာကိုယ်အမိုက်စားလေးကိုပိုင်ဆိုင်ထားသူကတော့မင်းသမီးချောလေးမိုးဟေကိုပါ။မိုးဟေကိုဟာဆယ်စုနှစ်တစ်ခုကြာရပ်တည်အောင်မြင်နေတဲ့မင်းသမီးချောလေးဖြစ်တဲ့အပြင်မိုးရုပ်ရှင်ထုတ်လုပ်ရေးရဲ့ပဲ့ကိုင်ရှင်တစ်ယောက်ဖြစ်ပါတယ်။ဒါ့ပြင်သူမဟာမိဘကိုလည်းသိတတ်လိမ္မာတဲ့သမီးလေးတစ်ယောက်ပါနော်။


Photo Credit-Moe Hay Ko's Facebook
Photo Credit-Moe Hay Ko's Facebook

မိုးဟေကိုဟာမကြာသေးမီကသူမရဲ့facebookစာမျက်နှာတွင်နှစ်သစ်အလှူအဖြစ်အောင်ဇမ္ဗူတောရဘုန်းဘုန်းကျောင်းမှာစစ်ကိုင်းတိုင်း၊ရွှေဘိုခရိုင်၊ရေဦးမြို့နယ်ပန်းကုန်းကျေးရွာအထက်တန်းကျောင်းဆောင်သစ်မှာစာသင်ခန်းတစ်ခန်းကိုလှူဒါန်းခဲ့ကြောင်းတင်ပေးခဲ့ပါတယ်။မိုးဟေကိုဟာသူမ၏မိခင်နဲ့အတူသွားရောက်လှူဒါန်းတာပဲဖြစ်ပါတယ်။

Photo Credit-Moe Hay Ko's Facebook
Photo Credit-Moe Hay Ko's Facebook

မိုးဟေကိုဟာမကြာသေးမီကပပဝတီစီရင်ခန်းဆိုတဲ့ရုပ်ရှင်ကားကြီးကိုရိုက်ကူးအောင်မြင်ထားတာပါ။ပရိတ်သတ်ကြီးလည်းဒီဇာတ်ကားကြီးကိုသဘောကျနှစ်သက်ကြတယ်မလား။မိခင်နဲ့အတူသွားရောက်ကာအလှူအတန်းပြုခဲ့တဲ့မိုးဟေကိုရဲ့ပုံတွေကိုပရိတ်သတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Moe Hay Ko's Facebook
Photo Credit-Moe Hay Ko's Facebook

Source-Moe Hay Ko's Facebook

Photo Credit-Moe Hay Ko's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။