ပရိသတ်ကြီးရေ စိုးမြတ်သူဇာတို့ညီအစ်မတွေဟာဆိုရင် အနုပညာအလုပ်တွေကို ဟိုးတစ်ခေတ်တစ်ခါကတည်းကလုပ်ဆောင်ခဲ့ကြပြီး အောင်မြင်မှုတွေကိုရရှိခဲ့တဲ့သူတွေဖြစ်ပါတယ်။စိုးမြတ်သူဇာနဲ့ စိုးမြတ်နန္ဒာတို့ ညီအစ်မနှစ်ယောက်ကတော့ ယနေ့ခေတ်ထိတိုင် ပရိသတ်တွေရဲ့အားပေးချစ်ခင်ခြင်းတွေကို ပိုင်ဆိုင်ထားပြီး အနုပညာအလုပ်တွေကိုလည်း ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေတာဖြစ်ပါတယ်။

Photo Credit:Soe Kyi Phyu's Facebook
Photo Credit:Soe Kyi Phyu's Facebook
Photo Credit:Soe Kyi Phyu's Facebook

စိုးမြတ်နန္ဒာတို့ညီအစ်မတွေကတော့ မင်းသမီးပိုးထည်တိုက်ဆိုင်လေးကိုလည်း အောင်မြင်အောင်စီမံနိုင်ကြသလို အနုပညာအလုပ်ကိုလည်းမလစ်ဟင်းအောင်လုပ်ဆောင်ကြသူတွေပါနော်။မိဘနှစ်ပါးကိုလည်း လိုလေသေးမရှိအောင်ပြုစုစောင့်ရှောက်ပေးကြပြီး စိတ်ချမ်းသာအောင်ထားပေးကြတဲ့ သမီးလိမ္မာလေးတွေလည်းဖြစ်ကြပါတယ်။

Photo Credit:Soe Kyi Phyu's Facebook
Photo Credit:Soe Kyi Phyu's Facebook

အခုလက်တလောမှာဆိုရင်တော့ စိုးမြတ်နန္ဒာက ယူအက်စ်ကို ရောက်ရှိနေတာဖြစ်ပြီး ဒါဒါရဲ့မေမေကတော့ "ယူအက်စ်မှာ လေဒီဒါဒါတို့ပျော်နေတယ်,အကိုဆီက ဆမ်ဆောင်း fold ရတော့ပိုပျော်ပြီလေ။သုံးပေါက်ဖုန်းကိုမေ့သွားပြီ။အဲ့ဒီလို ကလေးဆန်တဲ့သမီး"ဆိုပြီး သမီးငယ်လေးဒါဒါကို မေမေကစနောက်ထားပြီး ပုံရိပ်လေးတွေကိုမျှဝေပေးလာတာဖြစ်ပါတယ်နော်။

Photo Credit:Soe Kyi Phyu's Facebook
Photo Credit:Soe Kyi Phyu's Facebook
Photo Credit:Soe Kyi Phyu's Facebook

Photo Credit:Soe Kyi Phyu's Facebook 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။