မန္တလေးမြို့ရဲ့ နာမည်ကျော် ဦးပိန်တံတားပေါ်မှာ မြန်မာပုဆိုးတွေဝတ်ပြီး လည်ပတ်ခဲ့ကြတဲ့ ကိုရီးယားနိုင်ငံသူ မိန်းကလေးတွေရဲ့ ဓာတ်ပုံတွေဟာ လတ်တလော ဖေ့စ်ဘွတ်ခ်ပေါ်မှာ နာမည်ကြီးနေပါတယ်။

ဒီပုံတွေကို မေလ ၁၅ ရက်နေ့က We Are Myanmar အမည်နဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာမှတဆင့် မျှဝေထားခဲ့တာဖြစ်ပြီး “လုံချည်ဝတ်ချင်လို့ မြန်မာပြည် အရောက်လာခဲ့တဲ့ ကိုရီးယားသူလေးတွေပါ။ ထဘီဝတ်ပါလို့ပြောတော့ (ဝတ်ဘူး)တဲ့??” လို့ ရေးသား ဖော်ပြထားခဲ့တာပါ။

တချို့ကလည်း “ချစ်စရာ ကြည့်ကောင်းတယ်။ အမြင်ဆန်းတယ်” လို့ ဝေဖန်မှတ်ချက်တွေ ပေးခဲ့ကြပြီး တချို့ကလည်း “လာနောက်နေသလိုပဲ” စသဖြင့် မှတ်ချက်တွေ ရေးခဲ့ကြတာကို တွေ့ရပါတယ်။

Source : We are Myanmar, DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။