ဂျာမနီအဆိုတော်တစ်ဦးဖြစ်တဲ့ Mikis Weber ကတော့ မြန်မာနိုင်ငံက ပရိသတ်တွေအားလုံးနဲ့ အပြန်အလှန် ရင်းနှီးမှုရရှိထားသူဖြစ်ပါတယ်။ ရုပ်ချောသလောက် သီချင်းဆိုလည်းကောင်းတဲ့ Mikis က ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ဇာတ်လမ်းတွဲတွေမှာ သရုပ်ဆောင်တစ်ဦးအဖြစ် ပါဝင်နေရပြီလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အခြေချနေထိုင်ပြီး အနုပညာအလုပ်တွေကို လုပ်ကိုင်နေတဲ့ Mikis က မြန်မာမလေးနဲ့ချစ်သူဖြစ်နေတာ ဖြစ်ပါတယ်။ 

Photo Credit- Su Su Wai's FB
Photo Credit- Su Su Wai's FB
Photo Credit- Su Su Wai's FB

Mikis က မြန်မာမလေး စုစုဝေနဲ့အတူ ချစ်သူအဖြစ် လက်တွဲလာခဲ့တာ အခုဆိုရင် ချစ်သူသက်တမ်းတစ်နှစ်ကျော်တောင်ရှိနေပြီ ဖြစ်ပါတယ်။ ဝေဖန်တိုက်ခိုက်မှုတွေကြားကနေ နှစ်ကိုယ်တူချစ်သူဘဝလေးကို ခိုင်ခိုင်မာမာတည်ဆောက်ခဲ့တဲ့ Mikis တို့စုံတွဲလေးကိုတော့ ပရိသတ်တွေကအားကျနေရတာ ဖြစ်ပါတယ်။ အခုလည်း Mikis က Happy New Year ညလေးကို ချစ်သူလေးနဲ့အတူ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းခဲ့တာ ဖြစ်ပါတယ်။

Photo Credit-Mikis Weber's FB
Photo Credit-Mikis Weber's FB

Mikis က ချစ်သူလေးကိုအနမ်းပေးရင်း နှစ်သစ်ကိုကြိုဆိုနေတဲ့ပုံလေးတွေကို " ဒီလန်ထွက်နေတဲ့ လူနှစ်ယောက်က အားလုံးကို Happy New Year ပါလို့ဆုတောင်းပေးနေတယ် Love goes out to all the beautiful souls out there.2020.... in 1010 years it’s gonna be 3030...let’s all look forward and pray that we don’t break our planet until then. Smoocharoni " ဆိုပြီးတင်ထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် Mikis တို့ချစ်သူနှစ်ဦးရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Mikis Weber's FB & Su Su Wai's FB 

Photo Credit-Mikis Weber's FB
Photo Credit- Su Su Wai's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။