ချစ်တတ်တဲ့လူသားတိုင်းအတွက် ရင်ထဲနင့်နေအောင်ခံစားမှုတွေကို ပေးစွမ်းနိုင်တဲ့ မိုက်မဲချစ်ရုပ်ရှင်ဇာတ်ကားကြီးဟာဆိုရင် ဒိတ်ဒိတ်ကြဲအနုပညာရှင်တွေဖြစ်တဲ့ မြင့်မြတ်၊ရွှေမှုံရတီနဲ့ ခင်ဝင့်ဝါတို့က ပီပီပြင်ပြင်အားပြိုင်ထားကြလို့ အချစ်ဆိုတဲ့အဓိပ္ပါယ်ကို ကောင်းကောင်းကြီးနားလည်သွားမှာဖြစ်ပါတယ်နော်။မိုက်မဲချစ်ရုပ်ရှင်ဇာတ်ကားကြီးဟာဆိုရင် တကယ့်အပြင်လောကမှာဖြစ်ပျက်နေတဲ့ သုံးပွင့်ဆိုင်အချစ်လေးကို ထိထိမိမိပုံဖော်ထားတာဖြစ်ပါတယ်။

Photo Credit:မိုက်မဲချစ်ရုပ်ရှင်ဇာတ်ကားကြီး
Photo Credit:မိုက်မဲချစ်ရုပ်ရှင်ဇာတ်ကားကြီး

အဆိုပါဇာတ်ကားကြီးထဲမှာဆိုရင် ရွှေမှုံက မြင့်မြတ်ရဲ့ပါးကိုထိထိမိမိရိုက်ခဲ့တဲ့အခန်းတွေနဲ့ သူမရဲ့မျက်လုံးအကြည့်တွေဟာဆိုရင် အရမ်းအသက်ဝင်လွန်းလို့ ရုပ်ရှင်ဇာတ်ကားကြီးရဲ့Trailerနဲ့တင် ပရိသတ်တွေကိုအရမ်းဆွဲဆောင်နေတဲ့အပြင် "မင်းရိုက်လို့ရခဲ့တဲ့ ငါ့ပါးကဒါဏ်ရာကို တချိန်ကြရင်မင်းကိုယ်တိုင် မင်းရဲ့အနမ်းနဲ့ ပြန်ကုပေးရလိမ့်မယ်"ဆိုတဲ့ မြင့်မြတ်ရဲ့Dialogueတွေကလည်း ဇာတ်လမ်းအရှိန်ကို ပိုပိုပြီးမြင့်တက်စေပါတယ်နော်။

Photo Credit:မိုက်မဲချစ်ရုပ်ရှင်ဇာတ်ကားကြီး
Photo Credit:မိုက်မဲချစ်ရုပ်ရှင်ဇာတ်ကားကြီး

ခင်ဝင့်ဝါရဲ့သရုပ်ဆောင်ချက်အိုင်တင်တွေကလည်း မြင့်မြတ်နဲ့ရွှေမှုံတို့နှစ်ယောက်ကြားမှာ အေးအေးလေးနဲ့ပီပြင်အောင်သရုပ်ဆောင်နိုင်လို့ အရမ်းကောင်းတဲ့သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းကြီးဖြစ်ပါတယ်။ပရိသတ်ကြီးလည်း ဘဝပျက်တဲ့အထိလူတစ်ယောက်ကို ရူးရူးမိုက်မိုက်ချစ်ခဲ့ဖူးတယ်ဆိုရင်တော့ ဒီဇာတ်ကားလေးရဲ့ Trailerကိုကြည့်ရှု့ပြီး အချစ်ဆိုတာ စွန့်လွှတ်အနစ်နာခံခြင်းလား၊ရယူပိုင်ဆိုင်ခြင်းလား ဆိုတဲ့ ဒဿနကို ဖွင့်ဆိုကြည့်လို့ရအောင် ဗီဒီယိုဖိုင်လေးကို မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:မိုက်မဲချစ်ရုပ်ရှင်ဇာတ်ကားကြီး
Photo Credit:မိုက်မဲချစ်ရုပ်ရှင်ဇာတ်ကားကြီး

Photo Credit:မိုက်မဲချစ်ရုပ်ရှင်ဇာတ်ကားကြီး

Video Credit:မိုက်မဲချစ်ရုပ်ရှင်ဇာတ်ကားကြီး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။