ခုလက်ရှိ ML မှာဆိုရင် Ling နဲ့ Wan Wan တို့ဟာကစားရတာ အခတ်အခဲတွေရှိနေပါတယ်။ သူတို့နှစ်ယောက်စလုံးဟာလဲကိုင်ရတာ ခတ်ခဲပြီးသားဆိုတော့ တော်ရုံလူအနေနဲ့ ကစားဖို့က မရပါဘူး။ သူတို့ကစားတဲ့ပုံကလဲ တခြား MM တို့ Assassin တွေလိုမျိုးမဟုတ်တော့ ကစားရတာ ရှုပ်ပါတယ်။ Wan Wan ကစားတဲ့သူဆိုရင်လဲ Ultimate ကို ပွဲသာပြီးသွားမယ် ဖွင့်မရခဲ့တာတွေရှိပါတယ်။ Ling ဆိုရင်လဲ Battle အဝင်အထွက်နဲ့ သူရဲ့ Skill တွေကို နားလည်သဘောပေါက်ဖို့ခတ်ခဲပါတယ်။   

သူတို့နှစ်ယောက်ဟာလဲ ဂိမ်းရဲ့ဇာတ်လမ်းထဲမှာဆိုရင်လဲ တစ်ယောက်နဲ့တစ်ယောက်က ဆက်နွယ်နေကြပါတယ်။ သို့သော်ခုချိန်မှာတော့ သူတို့ကစားပုံကိုဖော်ပြမှာပဲဖြစ်ပါတယ်။ Wan Wan ကလမ်းလျှောက်နှေးနေပေမယ့် သူရဲ့ ပစ်ခတ်မှုတိုင်းက ခုန်လို့ရတာမို့ ဖမ်းရခတ်ခဲပါတယ်။ အဲ့ဒီတော့ သူရဲ့ Ulti ဖွင့်ဖို့က လွယ်ပါတယ်။ ရန်သူကိုတွေ့ရင် အရင်ဆုံး Skill 1 ကိုပစ်လိုက်ပါ အဲ့ခါကျ ရန်သူHero ကိုပတ်ထားတဲ့ အဝိုင်းလေးရဲ့နောက်က၃ခုဟာ ပျောက်သွားပါလိမ့်မယ်။ အဲ့နောက်မှာ ကိုယ့်အနေနဲ့ ရှေ့က ၃ခုကိုခွာချယုံပဲမို့ လွယ်ပါတယ်။ Fanny ကိုဆိုရင် Ulti ဖွင့်ဖို့လွယ်ပါတယ်။ Wan Wan Ulti သုံးတဲ့အခါ ဘယ်သူမှဖမ်းမရသလို ဘာ Damage မှလဲမထိပါဘူး။   

Ling ဟာဆိုရင်တော့ စစချင်ပိုင်းမှာ Battle တွေ ကိုရှောင်ပြီး များများ Farm ပါ။ Creep များများသတ်ပြီး Solo ဖြစ်နေတဲ့ Hero တွေ ဥပမာ MM တို့ Mage တို့စတဲ့ သွေးပျော့တဲ့ Hero တွေကို နံရံပေါ်ကနေ လိုက်သတ်ပါ။ Early Game မှာ ပုပ်နေပေမဲ့ Late Game မှာဆိုရ်ငတော့ Tank တောင်မခံစားနိုင်တဲ့ ထိုးချက်လေးတွေနဲ့ လိုက်ထိုးနေပါလိမ့်မယ်။ နံရံပေါ်ရောက်တာနဲ့ ရန်သူကို တွေ့ရင် Skill 2 ကိုအရင်သုံးပါ....အဲ့နောက်မှာတော့ Ulti ကိုသုံးပါ။ ထပ်ပြီးတော့ Skill 2 နဲ့လိုက်အဆုံးသတ်ပါ။ သူရဲ့ Critical Damage ကအရမ်းများတာမို့ တော်တော်လေးကို မြင့်တဲ့ Damage တွေကိုပေးနိုင်ပါတယ်။ ခုဆိုရင် Wan Wan ရဲ့ Ulti အမြန်ဖွင့်နည်းရော Ling ကစားကွက်ကိုလဲ သိပြီးမို့ ခုပဲ Rank တင်လိုက်ပါ။   

သတင်းအရင်းမြစ် Lord Htun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။